ကျောက်ပန်းတောင်း အစားအစာ ပြုလုပ်နည်းများ

| |



အထက်ပါခေါင်းစဉ်လေးနဲ့ ကျွန်တော်တို့ မြို့မှ အစားအသောက်များကို ညီအစ်ကို မောင်နှမတွေ အလွယ်တကူ ပြုလုပ်စားသောက်လိုပါက အဆင်ပြေစေရန် ရည်ရွယ်ပြီး တင်ဆက်သွားမှာဖြစ်ပါတယ်။

ပထမဆုံး အနေနှင့် ကျောက်ပန်းတောင်း မုန့်ဟင်းခါး ချက်နည်းလေးကို ညီအစ်ကို မောင်နှမများအား မျှဝေပေးလိုက်ပါတယ်။

ပါဝင်သော ပစည်းများ

အောက်ဖေါ်ပြပါ ပမာဏ များသည် လူကြီး (၅) ယောက်စာ အတွက်ဖြစ်ပါသည်။

  1. ကြက်အသား နှင့် အရိုး  ..........................................          ၂၅ ကျပ်သား

  2. ကုလားပဲ     .............................................................           နို့ဆီ 1/2 ဗူး

  3. ကြက်သွန်နီဥကြီး  ....................................................          ၅ လုံး

  4. ကြက်သွန်ဖြူ ဥအနေတော်   .....................................         ၁ လုံး

  5. ဂျင်း    ......................................................................         ၂ ကျပ်ခွဲသား ခန့်

  6. ပဲမှုန့် အစိမ်း ...........................................................         လက်ဘက်ရည် ပန်ကန် တလုံး

  7. ဆီ   .........................................................................         ၁၀ ကျပ်သား


ပထမဆုံး ကုလားပဲကိုနူးအိနေအောင် ပြုတ်ပါ။ ကုလားပဲပြုတ်နေစဉ်တွင်  ကြက်သား (၂၅) ကျပ်သားကို ဆားဆနွင်း နယ်ပြီး အနေတော်ကျက်ရုံ ပြုတ်ပါ။ ကြက်သားပြုတ် နူးလာလျှင် ဆယ်ပြီး အသားနှင့် အရိုးကို နွှာပါ။ ကြက်သားပြုတ်ရေများကို သွန်မပစ်ဘဲ ခွက်တခု တွင် သိမ်းထားပါ။ ပြီးနောက် ကြက်သွန်အနီကို အရင်ဆီသတ်ပါ။ ကြက်သွန်နီ အနည်းငယ် နွမ်းလာလျှင် ကြက်သွန် အဖြူနှင့် ဂျင်းထောင်းထားသည်များကို ထည့်မွှေပါ။ ကြက်သွန်ဆီသတ် အနံ့ အနည်းငယ်မွှေးလာလျှင် အသားချည်းခွဲထားသော ကြက်သားပြုတ်ကို ထည့်မွှေပါ။ ငံပြာရည် သင့်တင့်ရုံ ထည့်ပါ။ ပြီးလျှင် ကုလားပဲပြုတ်ကိုညက်အောင်ထောင်းထားသည်များကို ရောထည့်မွှေပါ။ အတန်ကြာ မွှေပြီးနောက် ပဲမှုန့်အစိမ်းကို ရေအေးနှင့်ဖျော်ပြီး ထည့်ပါ။ ထို့နောက် ဆီပြန်လာသည့်အထိ မီးအေးအေးနှင့် မွှေပေးပါ။ ဆီပြန်လာလျှင် ကြက်သားပြုတ်ရေထည့်ပါ။ ရေ တလီတာခွဲ ခန့် ထပ်ထည့်ပါ။ ပြီးနောက် ရေကျသည့်အထိ ဆက်ပြုတ်ပါ။ ရေကျလာလျှင် အရသာ မြည်းကြည့်ပြီး လိုအပ်သလို ပြင်နိုင်ပါသည်။ ပြီးလျှင် အနံ့အရသာ နှင့်ပြည့်စုံသော ကျောက်ပန်းတောင်း မုန့်ဟင်းခါး စစ်စစ်ကို မြိန်ရည် ယှက်ရည် စားသုံး နိုင်ပါပြီခင်ဗျာ။

နောက်အခေါက်များတွင်လည်း အရသာရှိသော ကျောက်ပန်းတောင်းအစားအစာများကို ထပ်မံတင်ဆက်သွားပါမည်။ ညီအစ်ကို မောင်နှမ များအနေနှင့်လည်း  မျှဝေခြင်သော အစားအသောက်လုပ်နည်းလေးများ ရှိလျှင် ကျွန်တော်တို့ ကျောက်ပန်းတောင်း အသင်း Admin email     "kpg.kyaukpadaung@gmail.com" သို့ပေးပို့ မျှဝေနိုင်ပါသည်ခင်ဗျာ။

စာဖတ်သူအပေါင်း ကျန်းမာရွှင်လန်းချမ်းမြေ့ကြပါစေ.

အဝေးရောက် ကျောက်ပန်းတောင်းအသင်း

Posted by YEPHYO on 10:39 PM. Filed under . You can follow any responses to this entry through the RSS 2.0. Feel free to leave a response

2 comments for "ကျောက်ပန်းတောင်း အစားအစာ ပြုလုပ်နည်းများ"

  1. sanwin (kyaukpadaung)

    တကယ်မစားလိုက်ရပေမယ့် -- ဓာတ်ပုံကို အားရပါးရ ကြည့်လို့ ဝသွားပါပီ.. :)

  2. In the gradient list , you can add roasted soy bean paste and dry bread !

Leave a reply