အညာ

| |

လမ်းတွေမှာတမာရနံ့တွေနဲ့
ဖုန်ထူထူ အညာကိုလွမ်းတယ်။
ခေတ်မမီသေးတဲ့အပြင်အဆင်လေးတွေနဲ့
တောကျပေမယ့် အေးချမ်းတဲ့
အညာကိုလွမ်းတယ်။



ရိုးသားတဲ့ ဆက်ဆံ မှုတွေနဲ့
ပွင့်လင်းစွာဆက်ဆံတတ်တဲ့
အညာသူ၊အညာသားတွေကို လွမ်းတယ်။
ဝလုံးလေးတွေဝိုင်းအောင်ရေးလို့
ပညာတွေဆည်းပူးခဲ့ရတဲ့
ကျောင်းတော်ကြီးကိုလည်းလွမ်းတယ်။
ကွန်ပျူတာ၊ဘာညာ မစုံလင်ပေမယ့်
ပညာကို တတ်အောင်သင်ပေးခဲ့တဲ့ ဆရာ၊ ဆရာမ
အားလုံးကိုလွမ်းတယ်။
ညနေခင်းလေညှင်းတွေရှုရှိုက်ရင်း
ငေးမောခဲ့ရတဲ့ အညာရဲ့ ညရှုခင်းတွေကို
လွမ်းတယ်…။
ဒီနယ်မြေထဲမှာ နှစ်ပေါင်းများစွာ
နေထိုင်ခဲ့ရတော့
အိပ်မက်တွေထဲမှာတောင်
အညာကို လွမ်းနေတုန်းပဲပေါ့။


မလွင်..(၁၄.၁.၂၀၀၉) - စိတ်တို့၏အေးချမ်းရာ

Posted by YEPHYO on 7:58 PM. Filed under , . You can follow any responses to this entry through the RSS 2.0. Feel free to leave a response

0 comments for "အညာ"

Leave a reply