ABOUT US

ဖွဲ့စည်းမှု ။
၁။ အဝေးရောက် ကျောက်ပန်းတောင်းအသင်းကို နိုင်ငံတကာရှိ ဇာတိမြေမှ ကျောက်ပန်းတောင်းသူ၊ ကျောက်ပန်းတောင်းသား များဖြင့် အခြေခံဖွဲ့စည်း ထားပါသည်။


၂။ ကျောက်ပန်းတောင်း ဒေါ့ကွန်း အင်တာနက်ဆိုဒ်သည် ဇာတိမြေကို ချစ်သော အဖွဲ့ဝင်များဖြင့် အများသဘောတူ တည်ဆောက် ထားခြင်းဖြစ် ပါသည်။

၃။ အသင်း၏ လုပ်ဆောင်ချက်များ၊ အလှူရှင် မှတ်တမ်းများ၊ လှူဒါန်းမှုများ၊ ငွေစာရင်း ရှင်းတန်း များ ကို ပုံမှန်တင်ပြ သွားမည် ဖြစ်သည်။

၎။ နယ်သူ နယ်သား များအတွက် အသိပညာ မျက်စိဖွင့်ပေးနိုင်ရန် နှင့် ဇာတိမြေမှ အဝေးရောက်နေ သူများအတွက် အလွမ်းပြေ ဇာတိမြေ နှင့်သက်ဆိုင်သော သတင်း၊ ဓာတ်ပုံ၊ ဗွီဒီယိုများ မျှဝေမည်။

၅။ ဇာတိမြေ သတင်း၊ ကမ္ဘာ့သတင်းများနှင့် နည်းပညာ ဆောင်းပါး များ၊ ကျန်းမာရေး ပညာပေး ဆောင်းပါးများ၊ ကဗျာ၊ အက်ဆေး စသည် ပါဝင် ရေးသား နိုင်ပါသည်။ အချက်လက် အပြည့် အစုံအား  admin@kyaukpadaung.com သို့ ဆက်သွယ် ပေးပို့ ရမည်။

လုပ်ငန်းစဉ်များ
၁။ ရရှိသောအလှူငွေပေါ်မူတည်၍ လစဉ်(သို့) ၂ လတစ်ကြိမ် မြို့နယ် အတွင်းရှိ အလိုအပ်ဆုံးနေရာ များသို့ ဦးစားပေးအစီအစဉ်အလိုက် လှူဒါန်းသွားမည်ဖြစ်ပါသည်။


၂။ ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ လူမှု့ရေးအသင်းများမှ သတင်း ရရှိသည့် လှူဒါန်းရန် အသင့်တော်ဆုံးနေရာများကို အသင်းဝင်များမှ မဲပေးဆုံးဖြတ်၍ လှူဒါန်းသွားမည် ဖြစ်ပါသည်။ (မည်သူမဆို အမှန်တစ်ကယ် လှူဒါန်းရန်လိုအပ်နေသော နေရာကို သတင်းရရှိပါက အသင်းရှိ တာဝန်ရှိသူများအာ သတင်းပေးပို့နိုင်ပါသည်)

၃။ ကျောက်ပန်းတောင်းရှိ လူမှု့ကူညီရေးအသင်းများ၏ လုပ်ငန်းများ တွင်လည်း လိုအပ်လျှင် အသင်းဝင်များအားလုံး မဲပေးဆန္ဒဖြင့် လှူဒါန်းသွား မည်ဖြစ်ပါသည်။

၎။ အလှူဂုဏ်ပြုမှတ်တမ်းလွှာ၊ အလှူဓါတ်ပုံများ နှင့် အလှူနှင့်ပါတ်သတ်သည့် လှူဒါန်းငွေစာရင်းရှင်းတမ်း ကို အလှူရှင်များနာမည်နှင့် ရရှိသည့် အလှူငွေ များ အား အသင်း၏ Web Site တွင်အသေးစိပ်ဖေါ်ပြ သွားမည်ဖြစ်ပါသည်။

၅။ ငွေစာရင်းအ၀င်အထွက် အရှုပ်အရှင်းမရှိစေရန် Internet Banking မှတဆင့် ငွေလွှဲသူ၏နာမည်ဖေါ်ပြ၍ အသင်း၏ Bank Account သို့ အလှူငွေများ ထည့်သွင်းသွားမည်ဖြစ်ပါသည်။

၆။ Internet Banking မရှိသူများ Internet Banking လျှောက်လိုလျှင် အသင်း Web Page ရှိ Contact Us တွင်ရှိသော မည်သူ့ကိုမဆို ဆက်သွယ်၍ Account ဖွင့်နည်းမေးမြန်း အကူညီတောင်းခံနိုင်သည်။

၇။ Bank မှ ငွေလွှဲရန် အခက်အခဲရှိ၍ ငွေသားဖြင့် လှူဒါန်းလိုလျှင် အသင်း Web Page ရှိ Contact Us တွင်ရှိသော မည်သူ့ကိုမဆို ဆက်သွယ်၍ လှူဒါန်နိုင်ပါသည်။ ထိုအလှူငွေ လက်ခံသူသည် ၄င်း၏ Internet Banking မှလှူဒါန်းသူ၏အမည်ဖြင့် အသင်း၏ Bank Account သို့ လှူဒါန်းငွေကို လွှဲပေးမည်ဖြစ်ပါသည်။

မေတ္တာဖြင့်

အဝေးရောက်ကျောက်ပန်းတောင်းအသင်း