အညာဒေသပေါက်တဲ့ ဆီးပင်

| |

ရေးတော့ ဆီးပင် လို့ ရေးပြီး ဖတ်တဲ့အခါမှာ ဇီးပင်လို့ အသံထွက်ပါတယ်။ ဆီးပင်ကို မြန်မာနိုင်ငံ အလယ်ပိုင်း ကျွန်တော်တို့ ဇာတိ ကျောက်ပန်းတောင်းမှာ အတော်များများ တွေ့ရ ပါတယ်။ အသက်မွေး ဝမ်းကြောင်း အလုပ်တခု အဖြစ်  ဆီးလုပ်ငန်း ကို လုပ်ကိုင်ကြ ပါတယ်။ ထိုင်ဝမ် ဆီးသီးကို စနစ်တကျ စိုက်ပျိုးတာလဲ အနည်းပါး ရှိပါတယ်။ များသောအားဖြင့် တောနယ်ဘက်မှာ အလေ့ကျ ပေါက်တဲ့ ဆီးချဉ် ပင်များကိုတွေ့ရပါတယ်။

အညာဒေသ သဘာဝအလျှောက် ပေါက်တဲ့ ဆီးပင်တွေက ရေသိပ်မလိုဘူး။ အဆူးပါတဲ့ အပင်ဖြစ်လို့ ဆီးကိုင်း ကို ခြံစည်းရိုးလုပ်ကြတယ်။ ငယ်ငယ်က နထိုးကြီးနယ်ဘက်က နွားသခိုးတွေ ခေတ်ထတုန်းကဆို ရွာအတွက် တပ်ဆီးရိုး ကာဖို့ အိမ်တိုင်း အိမ်တိုင်း ဆူးခုတ်ကြရတယ်။ ခုတ်လာတဲ့ ဆူး ကောင်းမကောင်း သူကြီးက စစ်တယ်။ ဆီးဆူးခက် ကောင်းကောင်းက ရွာလုံခြုံရေး အတွက် စိတ်ချရတယ်။ ဆီးသားက ထင်းစိုက်လို့လဲ ရတယ်။ ဆီးပွင့်ကတော့ အီးအီးအနံ့ နံတယ်။ တကယ်ပါ။




ဆီးသီးကျတော့ တော်တော် အသုံးဝင်တယ်။ ဆီးသီး အချို နဲ့ အချဉ် နှစ်မျိုး ရှိတယ်။ အစိမ်းလဲ စားလို့ရတယ်။ အမှည့်လဲ စာလို့ရတယ်။ အမှည့်ကို အခြောက် လှန်း ဆီးထုတ်လုပ်ကြတယ်။  ဒွေးနဲ့လေးလေးဝါ နဲ့ ကြော်ညာတာ ချစ်စု ယိုစုံလေ။ ဆီးသီး အခြောက်တွေကို ဆီးခွဲစက်က ဝယ်တယ်။ ဆီးခွဲစက်က ၃ မျိုးခွဲထုတ်လိုက်တယ်။ ကြားဖူးတာတော့ ဆီးသီး အခွံကို ဇီးယိုလုပ်တယ်။ ဇီးသီး အစေ့ ကိုတော့ ထင်းအစားထိုး လောင်စာ လုပ်တယ်။ ဆီးစေ့ထဲက ဆီးအဆံ ကိုတော့ ဆေးဝါးထုတ်လုပ်တယ် လို့ ကြားဖူးတယ်။ တရုတ်ပြည် တင်ပို့ကြတယ်။

စကားမစပ် ဘာမဆို တရုတ်တင်ပို့ နေကြတယ်။ အညာမှာ မွေပွေးတွေ မရှိတော့ဘူးဗျ။ ကောင်းတာလား ဆိုးတာလား တော့မသိ နောင်လာမယ့် ကလေးတွေ မွေပွေးကြည့်ချင် ဓာတ်ပုံပြရမယ် ထင်တယ်။ သဘာဝဟာ သဘောဝပါ။ သဘာဝကို သဘာဝလို ချစ်တတ်ကြဖို့ လိုပါတယ်။ သဘာဝထက် လွန်ကဲလာရင် ရလဒ် အကျိုး ဆိုးဝါးတတ်ပါတယ်။

ဒီစာတွေ ရေးနေတာ သိလွန်းလို့ မဟုတ်ပါဘူး။ ဝါသနာ အရပါ။ အများကြီး ရေးချင်သော်လဲ အချိန်မပေးနိုင်သေးပါ။ ကျွန်တော့်ထက် ပိုသိတဲ့ သူတွေ အများကြီး ရှိပါတယ်။ ကွန်မင့်ပေးကြပါ။ မေးပို့ပေးကြပါ လို့....... စာလမ်းကြောင်းလွဲသွာတယ် ..နားလည်ပေးပါ။

ဓာတ်ပုံ ဒီနေရာက ရပါတယ်။ ကျေးဇူး တအား တင်ပါတယ်။

Posted by YEPHYO on 6:08 PM. Filed under . You can follow any responses to this entry through the RSS 2.0. Feel free to leave a response

0 comments for "အညာဒေသပေါက်တဲ့ ဆီးပင်"

Leave a reply