ပုပ္ပါးတောင်

| |

တခြမ်းစိမ်း တခြမ်းဝါ
တခြမ်းပူ တခြမ်းအေး
ပင်လယ်ရေမျက်နှာပြင်အထက် ၄၉၈၁ ပေမှာ
သင်ခံစားနေရတာတွေ အံ့သြမသွားလိုက်ပါနဲ့ဦး.....
ဒီမှာ စကားဝါပန်းတွေ ရှိတယ်
မျောက်မျက်ကွင်းဖြူတွေ ရှိတယ်
ချစ်စဖွယ် ခပ်ရိုးရိုးပျံဝဲနေတဲ့
ရှားရှားပါးပါး ရွှေလိပ်ပြာကြီးတွေလည်း ရှိတာပေါ့.....


စာဖွဲ့ကြတယ် "အညာမြေရဲ့ အိုအေစစ်" တဲ့
အပူပိုင်းဇုန်ထဲ ရေထွက်ပေါင်း ၁၀၃
သုံးမကုန် ဖြုန်းမကုန် မဟုတ်ဘူး
ဖြုန်းရင်တော့ ကုန်မှာပဲ
တောပြုန်း တောင်ပြုန်းရေတွေ ပြုန်းပြီး
အခွင့်အရေးအားလုံး ဆုံးရှုံးသွားလိမ့်မယ်.....


အခုတော့
ရှင်သန်နေတဲ့ သဘာဝတရားဟာ မမုန်းနိုင် မမေ့နိုင်စရာ
သင့်မျက်လုံးအစုံကို မှိတ်ထားပြီး စဉ်းစားကြည့်လိုက်စမ်းပါ
ဒါဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးသိန်းလောက်က
ပေါက်ကွဲ ပေါ်ထွက်ခဲ့တဲ့ မီးတောင်သေ
ယဉ်ကျေးမှုအယူတွေအရ ဒေဝတို့ ပျော်စရာတောင်
သီးချင်းမှတ်တမ်းထဲက ကျောက်နွားသိုး ၉ ကောင်ရော
ဘယ်မှာ ရှောင်ပုန်းနေလေသလဲကွဲ့.....


အရုဏ်ဦးအလင်းရောင်ဟာ ဇော်ဂျီယောင်ဆောင်လို့
မြူတိမ်တိုက်ထဲက တိုးထွက်ဖြာဆင်းလာပုံ
ဘယ်လောက်ဂုဏ်ကျက်သရေရှိ လှပလိုက်သလဲ.....


ခင်ဗျားတို့ ကျွန်တော်တို့အားလုံး
မိုက်မဲလို့တော့ မဖြစ်ချေဘူး.....


မင်းထက်မောင် at 2:03 PM


Posted by YEPHYO on 11:52 PM. Filed under , , . You can follow any responses to this entry through the RSS 2.0. Feel free to leave a response

0 comments for "ပုပ္ပါးတောင်"

Leave a reply