အစည်းအဝေးမှတ်တမ်း
02-01-2011 ရက်နေ့တွင် အဝေးရောက် ကျောက်ပန်းတောင်းအသင်း ဒုတိယ အကြိမ် အစည်းဝေးကျင်းပ တွေ့ဆုံခြဲ့ကသည်။ အစည်းဝေး မှတ်တမ်းအား အသင်းဝင်များထံသို့ အီးမေးပို့ထားပြီးဖြစ်ပါသည်။
အစည်းအဝေး ဆုံးဖြတ်ချက်အရ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ အတွက် အလှူငွေ ရရှိမှု့မှ ငွေကျပ် နှစ်သိန်းခန့်တန်ဘိုးရှိ စာအုပ် စာပေ များအား ၀ယ်ယူပြီး ကျောက်ပန်းတောင်းမြို့မှ စာကြည့်တိုက် အား ပေးအပ်လှူဒါန်း မည်ဖြစ် ပါသည်။
ဇန်န၀ါရီလ မှ ကျန်ရှိ အလှူငွေနှင့် ဖေဖေါ်ဝါရီလ မှ ရရှိမည့် အလှူငွေ များအား စုပေါင်းပြီး ကျောက်ပန်းတောင်းမြို့ ရှိ သုဂတိရှင် နာရေး ကူညီမှု့ အသင်းသို့ အောက်ဆီဂျင်စက် တစ်လုံး လှုဒါန်းမည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ကြပါသည်။
ထို့အပြင် အလှူငွေ ကောက်ခံမှုအား Group leader များဖြင့် တာဝန်ယူ ကောက်ခံကာ အသင်းဘဏ်အကောင့်သို့ အချိန်မှီ လွှဲရန် အများသဘောတူ တာဝန်ခွဲဝေ စီစဉ်ခဲ့ပါသည်။
ဇာတိမြေသို့ အလှူအတန်းများအတွက် ဆက်သွယ်ရေးနှင့် လှူဒါန်းမှု မှတ်တမ်း ဓာတ်ပုံများ အား အချိန်နှင့်တပြေးညီ တင်ပြနိုင်ရန် ကိုနန်းမောင် မောင်ချစ် နှင့် သူငယ်ချင်းများမှ တာဝန်ယူထားပါသည်။
အသင်း၏ ဝဘ်ဆိုဒ် http://kyaukpadaung.com အား မွန်းမံပြင်ဆင်ရန် အသင်း၏သတင်းများ အချိန်နှင့်တပြေးညီ တင်ပြနိုင်ရန် ကိုရဲဖြိုးသူနှင့် ကိုကျော်သူဟိန်းတို့မှ တာဝန်ယူထားပါသည်။
အသင်းဝင်ဦးရေ တိုးပွားလာရေးအတွက် အသင်း၏ ရည်ရွယ်ချက်များ၊ လက်ရှိ လုပ်ဆောင်ချက်များ ၊ ရှေ့ဆက် လုပ်ဆောင်မည့် အစီအစဉ်များအား အများသူငှာ သိရှိနိုင်စေရန် အသင်းဝဘ်ဆိုဒ်မှ အကောင်းဆုံး ပြန်ကြားရန် ရည်ရွယ်ထားသည်။
နိုင်ငံတကာမှ နယ်သူ နယ်သားများ အနေဖြင့် လူမှုရေး အလှူအတန်းကိစ္စ ရပ်များအတွက် မိမိတို့ ပြောဆိုဆွေးနွေးလိုသည် များအား အသင်း ဝဘ်ဆိုဒ်တွင် ကွန်မင့် ပေးကာ ဆွေးနွေးရန် ဖိတ်ခေါ်အပ်ပါသည်။
အစည်းဝေးသို့ တက်ရောက်သော အသင်းဝင်များအား အထူးကျေးဇူးတင်ရှိ ပါသည်။ မအားလပ်၍ မတက်ရောက်နိုင်သော်လဲ အသင်းအတွက် တက်ကြွစွာ ပါဝင် လှုပ်ရှားပေးသော အသင်းဝင်များအား အထူးကျေးဇူး တင်ရှိပါသည်။
နိုင်ငံတကာမှ စောင့်ကြည့် ဖတ်ရှု အားပေး ကြသော မိတ်ဆွေအပေါင်းအားလဲ အထူးကျေးဇူးတင်ရှိပါကြောင်း ...
ခင်မင်လေးစားစွာဖြင့် အဝေးရောက်ကျောက်ပန်းဆောင်းအသင်း။



