ထားဝယ် ရေနက်ဆိပ်ကမ်း (၃)

| |

ထားဝယ် ရေနက် ဆိပ်ကမ်း တည်ဆောက် မည့် နေရာနှင့် ထားဝယ် ခရိုင်ဒေသ၏ အနေ အထားအား ယခုလပိုင်း (01-012011) အတွင်း နိုင်ငံခြား ခရီးသည်များ ရာနှင့်ချီကာ လာရောက် လေ့လာပြီး သံရုံးအချို့မှ လည်း လာရောက်မှုရှိ ကြောင်း သတင်းရရှိပါ သည်။

အထူးသဖြင့် နိုင်ငံခြား ခရီးသည်များ ထဲတွင် စီးပွားရေး လုပ်ငန်းရှင်များ အများဆုံး ပါဝင်လာပြီး ရေနက်ဆိပ်ကမ်း အပြင် ထားဝယ်ခရိုင် ဒေသအနေ အထားများကိုပါ တစ်ပါတည်း လေ့လာမှု ပြုလုပ်လေ့ရှိ သည်ဟု သိရသည်။

ယခင်က တစ်ဦးစနှစ်ဦးစသာ လာရောက်သော်လည်း ယခုရက်ပိုင်းအတွင်း တစ်သုတ်လျှင် အနည်းဆုံး ၂၀ ကျော်မှ ၄၀ ကျော်အထိ ပါဝင်လာတတ်ကြောင်း၊ ထိုင်းလူမျိုးများ အများဆုံး လာရောက်လေ့လာကြ ကြောင်းသိရသည်။

အထူးသဖြင့် ထားဝယ်ရေနက်ဆိပ်ကမ်းဖြင့် ဆက်စပ်သည့် လမ်းပိုင်းတစ်လျှောက်ရှိ စီးပွားရေးအချက် အချာကျသည့် နေရာများကို ပိုမိုလေ့လာခြင်းဖြစ်ကြောင်း ဒေသခံများနှင့် လိုက်ပါ ပို့ဆောင်ပေးသူများက ဆိုသည်။

"အရင်လတွေက ဒီလောက်မလာဘူး။ ရေနက်ဆိပ်ကမ်း သတင်းထွက်ပြီးမှ လာကြတာ။ ဆက်တိုက် ကိုလာတာပါ။ တစ်ဖွဲ့ပြန်သွားတာနဲ့ တစ်ရက်ပဲခြားတယ် နောက်တစ်ဖွဲ့ ထပ်ရောက်တယ်။ နောက်တစ်ဖွဲ့ပြန် မယ့်ရက်လောက်ကို နောက်တစ်ဖွဲ့ က လာဖို့ ထပ်ချိတ်ထားတဲ့အတွက် ဟိုတယ်တွေတောင် အခန်းရှားပါး ကုန်တယ်။ အဓိကကတော့ ရေနက် ဆိပ်ကမ်းဆိုပေမယ့် ရေနက်ဆိပ် ကမ်းပတ်ဝန်းကျင်နဲ့ဆက်သွယ်နေတဲ့ ထားဝယ်ခရိုင်အနေအထားကို လေ့လာတာများပါတယ်။ အနာဂတ် လုပ်ငန်းအတွက် အကြိုလေ့လာ တယ်ပဲပြောရမှာပေါ့။ ထိုင်းလူမျိုး တွေအဓိကများပြားပါတယ်။ သံရုံး တချို့လည်း အခုရောက်နေပါတယ်။ သံရုံးတချို့ကတော့ ရေနက်ဆိပ် ကမ်းကို အဓိကလေ့လာတယ်။ အခုရက်ပိုင်း လာရောက်တာဆိုရင် နိုင်ငံခြားခရီးသည် ရာချီနေပါပြီ"ဟု ထားဝယ်မြို့ရှိ နိုင်ငံခြားသားများ တည်းခိုလေ့ရှိသည့် ပုလဲဧကရီ ဟိုတယ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ပြည်ပအပြင် ပြည်တွင်းမှ စီးပွားရေးလုပ်ငန်းရှင်များလည်း အကြိုလေ့လာခြင်း၊ လုပ်ငန်းအခြေစိုက်ရန် ပြင်ဆင်ခြင်းများအတွက် လာရောက်မှု များပြားကြောင်းလည်း သိရသည်။

"နိုင်ငံခြားသား ခရီးသည်က အခု အယောက် ၂၀ ကျော်ပါတဲ့အ ဖွဲ့ပြန်သွားပြီးတဲ့နောက်ရက်မှာ အယောက် ၄၀ ပါတဲ့အဖွဲ့ထပ်ရောက်တယ်။ ရေနက်ဆိပ်ကမ်းနဲ့ ဒေသကို လေ့လာတာပါ။ ထိုင်းလူမျိုးများ တယ်။ နိုင်ငံခြားခရီးသည်ကြီးပဲ မဟုတ်ဘူး။ ရန်ကုန်နဲ့ အနီးဝန်းကျင် က လုပ်ငန်းရှင်တွေ စေလွှတ်ထားတဲ့ သူတွေလည်းလာကြတယ်။ တချို့က ဒီမှာ လုပ်ငန်းတိုးချဲ့ဖို့တောင် လုပ်နေကြပြီ။ ရုံးခန်းတွေ၊ ကုမ္ပဏီ တွေပြင်ဆင်နေကြပြီ။ ဥပမာ-ဘဏ်ခွဲဖွင့်တာတို့ ဘာတို့ပေါ့"ဟု ထားဝယ်မြို့ပေါ်ရှိ ဟိုတယ်တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

"မြိတ်မှာဖွင့်ထားတဲ့ တိုင်းရုံးတွေလည်း ထားဝယ်ကို ပြန်ပြောင်းဖို့ ပြင်ဆင်နေတဲ့အတွက်ကြောင့် ထားဝယ်မြို့က ပိုစည်မယ်လို့ တွက်ဆတာကြောင့် ရန်ကုန်နဲ့အခြားဒေသက လုပ်ငန်းရှင်တွေအပြင် အနီးအနားက လုပ်ငန်းရှင်တွေလည်း လုပ်ငန်းတိုးချဲ့ဖို့ လာကြတာများပါတယ်"ဟု ထားဝယ်မြို့ခံတစ်ဦးက ဆိုသည်။

This post copy form  http://www.news-eleven.com.

အီတလီ-ထိုင်း ကုမ္ပဏီ အင်တာနက်ဆိုဒ် - http://www.itd.co.th/en/index.php

Posted by YEPHYO on 1:22 AM. Filed under . You can follow any responses to this entry through the RSS 2.0. Feel free to leave a response

0 comments for "ထားဝယ် ရေနက်ဆိပ်ကမ်း (၃)"

Leave a reply