ပုပ္ပါး သို့မဟုတ် စကားဝါမြေ

| |

ကျွန်တော်တို့ရဲ့ မြန်မာမှာ ကမ္ဘာကတောင် သိတဲ့ သူမပေါ့..
သူမဟာ တစ်ဘဝက အလျှံတငြီးငြီးနဲ့ ဒေါသကြီးခဲ့တဲ့ မီးတောင်ကြီးရဲ့ညီမပေါ့..
အခုတော့ စိမ်းစိမ်းစိုစို နဲ့ မြပုဝါကိုခြုံလို့ လှပနေလေရဲ့..
အညာရဲ့ အိုအေစစ်လို့ တင်စားခံရလောက်အောင် စိမ်းစိုပြီး တောပန်းရနံ့တွေ လှိုင်နေတဲ့ သူမရဲ့အတိတ်ဟာ ပန်းစားဘီလူးများရဲ့ ပျော်စံရာတဲ့လေ …
ပုဂံရာဇ၀င်ထဲက ကိုဗျတ္တနဲ့ မယ်ဝဏ္ဏဇာတ်လမ်းဟာ မြန်မာတွေရင်ထဲ ခုထိနွေးဆဲပေါ့…
ကျောက်နွားသိုးကိုးကောင်နဲ့ ပဟေဠိဆန်တဲ့ ဒဏ္ဏာရီနဲ့ သူမ..
စေတီကျောင်းကန်တွေနဲ့ ပုဂ္ဂိုလ်ထူးတွေရဲ့ ထွက်ရာလမ်းကိုပါရမီဖြည့်တဲ့ သူမ..
ဗုဒ္ဓ သာသန အရိပ်နဲ့ ချွေးသိပ်ပေးတဲ့ သူမ..
မြန်မာပြည် တစ်နံတစ်လျှားနဲ့ ကမ္ဘာ့ခရီးသွားတွေ စည်ကားတဲ့ သူမ…
ဟာနုမာ၇ဲ့အမျိုးတွေနဲ့ ဝေစည်တဲ့ သူမ…
စကားပွင့်တွေကို ပုလင်းထဲထောင်ချပြီး အလှဆင်တဲ့ သူမ..
ရာသီစာ သြဇာ၊ မာလကာနဲ့ပိန္နဲ၊ သရက်၊ သင်္ဘော၊ ငှက်ပျော၊ စတော်ဘယ်ရီက အစ ကြွယ်ဝလှတဲ့ သူမ။
တောတောင်လျှိုမြောင်တွေကြားက ရေထွက်စိမ့်စမ်းများနဲ့ ပတ်ဝန်းကျင်ကို အလှဆင်တဲ့ သူမ..
ကျေးငှက်သာရကာတို့ရဲ့ တေးသံနဲ့ ခွန်းချိုဖွဲ့တဲ့ သူမ ..
ကျောက်တုန်းတွေကိုထုဆစ် အိမ်အဖြစ် ဖန်ဆင်းတဲ့ သူမ…
မြင်းခြံ ကျောက်ပန်းတောင်း ကားလမ်းရဲ့နံဘေးမှာ လွမ်းလွမ်းဆွေးဆွေးထိုင်နေတဲ့ သူမ..
သူမထံမှာ ကျွန်တော်ခဏသာ နားခိုဖူးပေမယ့် တစ်ဘ၀လုံး တသသစွဲလန်းနေမိတဲ့ သူမ..
သဘော မနော ဖြူစင်ပြီး ရိုးသားလှတဲ့ နှလုံးသားများနဲ့ သူမ…
သူမ.. သူမ.. ကျွန်တော် အရမ်းပဲ သတိရနေမိတယ် …

ကိုဇော်နိုင်ထွန်း
အနော်ယထာ၌ တာဝန်ကျစဉ် သတိတယ၊ 25th June, 2010.

Posted by YEPHYO on 11:03 PM. Filed under , . You can follow any responses to this entry through the RSS 2.0. Feel free to leave a response

0 comments for "ပုပ္ပါး သို့မဟုတ် စကားဝါမြေ"

Leave a reply