ကျေးဇူးအထူးတင်ရှိပါကြောင်း

အားလုံးပဲမင်္ဂလာပါခင်ဗျာ

အခုဆိုရင် ကျွန်တော်တို့အဝေးရောက်ကျောက်ပန်းတောင်းအသင်းရဲ့ ပထမဆုံးအလှူကို အောင်မြင်စွာ လှူဒါန်ပြီးစီးသွားခဲ့ပါပြီ။ ဒီပထမဆုံးအလှူမှာ ကျွန်တော်တို့ မြို့ရဲ့ အလိုအပ်ဆုံးလို့ အားလုံးရဲ့ သဘောတူညီမှု့နဲ့ ကျောက်ပန်းတောင်းမြို့ ပြည်သူ့ဆေးရုံကြီးမှာ အလွန်ပင် အသုံးဝင်လှတဲ့ ခွဲစိတ်ခန်းသုံး Diathermy စက်အား လှူဒါန်းခြင်းဖြစ်ပါတယ်။ အဆိုပါ Diathermy စက် ရဲ့ မည်သို့ မည်ပုံ အသုံးဝင် ကြောင်း၊ မည်ရွေ့မည်မျှ အရေးပါလှကြောင်း ကိုတော့ ကျွန်တော်တို့ အရင်ပိုစ့်အဟောင်း ဤနေရာ တွင် သွားရောက်ဖတ်ရှု့နိုင်ပါတယ်ခင်ဗျာ။

အလှူနှင့်ပါတ်သတ်သော ဓါတ်ပုံသတင်းများနှင့် အလှူငွေလွှဲပြောင်းပေးခဲ့သော ငွေလွှဲပြေစာများအား အများပြည်သူများ သဒ္ဓါကြည်ညိုနိုင်ရန် နတ်လူသာဓုခေါ်နိုင်စေရန် တင်ပြပေးလိုက်ပါသည်ခင်ဗျာ။


ကျောက်ပန်းတောင်းမြို့မှ ဦးသန်းဌေးမောင် ဆီသို့ အလှူငွေ သိန်း (၂၀) လွှဲပြောင်းပေးခဲ့သော ငွေလွှဲပြေစာ ဖြစ်ပါသည်။



ဤအလှူဖြစ်မြောက်ရန်အတွက် အားတတ်သရော ဆောင်ရွက်ခဲ့ကြတဲ့ အဝေးရောက်ကျောက်ပန်းတောင်းအသင်းမှ ညီအစ်ကိုမောင်နှမ များအား အထူးပင်ကျေးဇူးတင်ရှိပါတယ်။ အထူးသဖြင့် အလှူကိစ္စနှင့် ပါတ်သတ်၍ ဦးဆောင်လမ်းပြ အကြံညာဏ်များပေးခဲ့သော ဦးမြင့်လွင်ဦး (ကျောက်ပန်းတောင်းအသင်းဝင်-ခေတ္တ စင်ကာပူ)၊ အလှူငွေကောက်ခံရေးနှင့် အသင်းဘဏ္ဍာငွေထိန်း ဖြစ်သော အသင်း၏ စည်းရုံးရေးမှူး လည်းဖြစ်သောကိုမျိုးမင်းကျော် (ကျောက်ပန်းတောင်းအသင်းဝင် – ခေတ္တစင်ကာပူ)၊ အသင်းနှင့်ပါတ်သတ်သော အလှူနှင့်ပါတ်သတ်သော သတင်းအချက်အလက်များအား အချိန်နှင့်တပြေညီ တင်ပြနိုင်ရန် ကြိုးစားအားထုတ်ပေးခဲ့သော နိုင်ငံတကာမှာ အလှူရှင်များအား တာဝန်ယူ အလှူငွေကောက်ခံပေးခဲ့သော ကိုဆန်းဝင်း( ကျောက်ပန်းတောင်းအသင်းဝင်- ခေတ္တ စင်ကာပူ)၊ သတင်းအချက်အလက်ပြန်ကြားရေးနှင့် ကျောက်ပန်းတောင်းအသင်း ဆိုဒ် အား ထိန်းသိမ်းပေးသော ရုရှနိုင်ငံဘက်မှ အလှူငွေများအား တာဝန်ယူကောက်ခံပေးခဲ့သော ဗိုလ်ကြီး ရဲဖြိုးသူ (ကျောက်ပန်းတောင်းအသင်းဝင်- ခေတ္တရုရှား)၊ ကျောက်ပန်းတောင်းမြို့ဘက်မှ သတင်းအချက်အလက်နှင့် အလှူဖြစ်မြောက်ရန်အတွက် တာဝန်ယူ ကူညီဆောင်ရွက်ပေးခဲ့သော ကျောက်ပန်းတောင်းမြို့မှ ဦးသန်းဌေးမောင်၊ Diathermy စက်နှင့်ပါတ်သတ်၍ ၀ယ်ယူရန်နေရာနှင့် ဈေးနှုန်းများ၊ စက်နှင့်ပါတ်သတ်သော သတင်းအချက်အလက်များအား ရရှိစေရန် ကူညီဆောင်ရွက်ပေးခဲ့သော ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဒေါက်တာ ကိုဝင်းသန်းနိုင်၊ ကျောက်ပန်းတောင်းမြီု့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဦးယုဝေ နှင့် ဒေါက်တာ မအင်ကြင်း၊ မဖေါ်ပြရသေးသော အလှူဖြစ်မြောက်ရန် အတွက် ကူညီဆောင်ရွက်ပေးခဲ့ကြသော အဝေးရောက်ကျောက်ပန်းတောင်းအသင်းသူ/သားများဖြစ်ကြသော ကိုနန်းမောင်မောင်ချစ်(ခေတ္တ စင်ကာပူ)၊ ကိုဇော်နိုင်ဦး(ခေတ္တ စင်ကာပူ)၊ ကိုကျော်နိုင်ထွန်း (ခေတ္တ စင်ကာပူ)၊ ကိုအောင်မိုး (ခေတ္တ စင်ကာပူ)၊ မဟန်စုမာ(ခေတ္တ စင်ကာပူ)၊ ကိုဌေးမင်းဝေ (ခေတ္တ စင်ကာပူ)၊ ကိုညွန့်လှိုင်(ခေတ္တ စင်ကာပူ)၊ ကိုဖြိုး(ခေတ္တ စင်ကာပူ)၊ ကိုကျော်မင်းထွေး(ခေတ္တ စင်ကာပူ)၊  ကိုမင်းဇော်(ခေတ္တ စင်ကာပူ)၊ ကိုသီဟယုရှိန်(ခေတ္တ စင်ကာပူ) တို့ နှင့် အခြားသော ဖေါ်ပြရန် ကျန်ရှိနေသေးသော သူများအားလည်း ကျေးဇူးအထူးပင်တင်ရှိပါသည်။

ထို့အပြင် အဝေးရောက်ကျောက်ပန်းတောင်းအသင်းသူ/သား များနှင့်တကွ သဒ္ဓါတရား ထက်သန်စွာ ပါဝင်ကုသိုလ်ယူ လှူဒါန်ခဲ့ကြသော အလှူရှင်များဖြစ်ကြသည့် ကိုဇော်နိုင်ထွန်း (ခေတ္တ ဗီယက်နမ်) ၊ ကိုညာဏ်ဝင့်အောင် (ခေတ္တ စင်ကာပူ)၊ မအေးစန္ဒာခိုင် (ခေတ္တ စင်ကာပူ)၊ ကိုမျိုးကျော်လှိုင်+မဥမ္မာခင် (ခေတ္တ ဂျပန်)၊ မဟေမာထွန်း(ခေတ္တ စင်ကာပူ)၊ မစိုးယုမွန်(ခေတ္တ စင်ကာပူ)၊ မနီဝင်းစိုး(ခေတ္တ စင်ကာပူ)၊ ဦးဟန်တင်+ဒေါ်အေးမြင့်(ကပတ)(ခေတ္တ စင်ကာပူ) တို့အား လည်း ကျွန်တော်တို့ အဝေးရောက် ကျောက်ပန်းတောင်းအသင်း သူ/သားများမှ ကျေးဇူးအထူးပင် တင်ရှိပါသည် ခင်ဗျာ။

နောက်လာမည့် အလှူအတန်းများတွင်လည်း ဒီထက်မက သော လုပ်အားများ၊ အလှူဒါန များ ပါဝင် ကုသိုလ် ယူနိုင်ကြပါစေ လို့ ကျွန်တော်တို့ အဝေးရောက် ကျောက်ပန်းတောင်းအသင်းမှ ဆုတောင်း မေတ္တာ ပို့သလိုက်ပါသည်။

ကျေးဇူးအထူးတင်ရှိစွာဖြင့်

အဝေးရောက် ကျောက်ပန်းတောင်းအသင်း

P.S

ဤကျေးဇူးတင်လွှာနှင့် အလှူအတန်း ဓါတ်ပုံများအား ပိုစ့် အဖြစ်တင်ရန် အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေး ကြန့်ကြာ ခဲ့သည့်အတွက် ကျောက်ပန်းတောင်းအသင်း ကိုယ်စား ကျွန်တော် ညီညီ(အသင်းဝင်-ခေတ္တစင်ကာပူ) မှ ဒီနေရာမှ တောင်းပန်အပ်ပါသည် ခင်ဗျာ.။

Posted by YEPHYO on 1:54 AM. Filed under , , . You can follow any responses to this entry through the RSS 2.0. Feel free to leave a response

0 comments for "ကျေးဇူးအထူးတင်ရှိပါကြောင်း"

Leave a reply