အသင်း၏သတင်း ပြန်ကြားခြင်း

အဟမ်း .... (ဘာရေးရမလဲ စဉ်းစားရင်းဖြင့် ရေးရန် ဟန်ပြင်၏)
တကယ်တော့ ကျွန်တော်လဲ ဘာမှမဟုတ်ပါဘူး။ ဘယ်သူမှ ဘာမှ မဟုတ်ပါဘူး။ သို့သော်လဲ အားလုံးပေါင်းလိုက်သောအခါ အဝေးရောက် ကျောက်ပန်းတောင်းအသင်း ဖြစ်မြောက်လာ၏။ ထို့ထက်ပို၍ အလှူအတန်းများ အထမြောက်လာ၏။

ကျွန်တော်တို့ အဝေးရောက် ကျောက်ပန်တောင်းအသင်းသည် အဖွဲ့ဝင်များစွာရှိ၏။ အများကောင်းမှုဖြင့် အကြောင်းပြု ပေါင်းစုကာ ရလဒ်အကျိုးအားဖြင့် ငွေကျပ် သိန်း၂၀ ထည့်ဝင်ထားသော အလှူတခု ဖြစ်မြောက် လို့လာပါတယ်။ နားရှုတ်သွားမလားမသိ။ ဒီလိုပါခင်ဗျာ.. ကျွန်တော်တို့ ကျောက်ပန်းတောင်းမြို့ ဆေးရုံကြီးတွင် အရေးပေါ် လူနားများအား ခွဲစိတ်ရန်အတွက် ခွဲစိတ်ခန်းသုံး Dmathermy စက်အား လှူဒါန်းခဲ့ခြင်း ဖြစ်ပါတယ်။ အဲလို လှူဒါန်းရာမှာ စက်၏တန်ဖိုးမှာ US$ 2600 ခန့်ရှိပါတယ်။ အသင်း အနေဖြင့် ကနဦး မတည်ကာ ငွေသားကျပ် သိန်း ၂၀ တိတိ တာဝန်ယူပြီး လိုငွေအား ဆေး၇ုံမှ စိုက်ထုတ် ဝယ်ယူရန် သဘောတူခဲ့ပါတယ်။



ယခုကဲ့သို့ Diathermy စက်လှူဒါန်းရန် ကျွန်တော်တို့တွေလဲ အတော်လေး ခေါင်းစား ခဲ့ရပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ့်အပြစ်နဲ့ကိုယ်ပါပဲ။ ပထမဆုံးအကြီး တွေ့ဆုံပွဲ ပြီးနောက် သေဘာတူညီထားသည်မှာ လက်နှိပ်ခွဲစုပ်စက် လှူဒါန်းရန် (ဆေးရုံသုံးပစ္စည်းတခုခု) ဟု ယျေဘူရ သတ်မှတ်ထားခဲ့ပါတယ်။ အဆိုပါ လက်နှိပ်ချွဲစုပ်စက် အကြောင်းအရာ ပိုစ်အား ဒီနေရာမှာကလစ်ကာ ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။ သို့ဖြင့် လက်နှိပ်ချွဲစုပ်စက် လှူဒါန်းမှု အထမမြောက်ပဲ ၄င်းနေရာတွင် အစားထိုးနေရာ ယူခဲ့သော Diathermy စက်အား လှူဒါန်းရန် အများ သဘောတူ ဆုံးဖြတ်ခဲ့ကြပါတယ်ခင်ဗျာ။ Diathermy ခွဲစိတ်ခန်းသုံးစက် အကြောင်း ရေးသားထားသော ပိုစ်အား ဒီနေရာမှာကလစ်ကာ ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။

Diathermy ခွဲစိတ်ခန်းသုံးစက်အား လှူဒါန်းရန် ပြင်ဆင်ရာတွင် ပစ္စည်းအရည်သွေး ကောင်းကိုရွေးချယ်ခဲ့ပါတယ်။ ဒီလိုနဲ့ အလှူငွေပြည့်ရန်လဲ စောင့်ခဲ့ရပါတယ်။ စက်ပစ္စည်းအား ပြည်ပမှ မှာယူတင်သွင်းခြင်း ဖြစ်သဖြင့် ရက်ချိန်း အတော်ကြာခဲ့ပါတယ်။ ထို့အပြင် ပြီးခဲ့သည့် မိုးနှောင်းက ဇာတိမြေ တွင်ဖြစ်ပွားခဲ့သော (သွေးလွန်တုတ်ကွေး) ကျန်းမာရေး ပြသနာများ နှင့် နောက်ဆက်တွဲ ပြသနာ များဖြင့် ဆေးရုံတွင် အလုပ်များနေခဲ့ပါတယ်။ ထို့အပြင် မြန်မာပြည်သို့ ဖုန်းဆက်ရ ခက်ခဲခြင်း၊ အသင်းဦးဆောင်သူများ မှာလဲ အလုပ်တဖက် ကျောင်းတဖက် များနှင့် မို့ အလှူဖြစ်မြောက်ရန် အနည်းငယ် နှောင့်နှေးခဲ့ရပါတယ်။

သို့သော်လဲ နောက်ဆုံးတော့.. အသင်း၏အလှူ အထမြောက် အကောင်ထည် ပေါ်ခဲ့ပြီ ဖြစ်ပါတယ်ခင်ဗျာ။

များမကြာခင်မှာ အသင်း၏ပထမဆုံးအလှူ Diathermy ခွဲစိတ်ခန်းသုံးစက်ပစ္စည်းအလှူ အား ဓာတ်ပုံမှတ်တမ်းများနှင့်အတူ ဝေဝေဆာဆာ တင်ပြပါမည်ခင်ဗျာ။
(ကိုမျိုးမင်းကျော် နှင့် ကိုရဲဖြိုး တို့ စာမေးပွဲ ကိုယ်ဆီဖြင့် မအားလပ်ပါသဖြင့် ရသမျှသတင်း ကျွန်တော် ပြန်ကြားခြင်းဖြစ်ပါတယ်ခင်ဗျာ)။
ခင်မင်လေးစားစွာဖြင့် ....

Posted by YEPHYO on 11:03 PM. Filed under , , . You can follow any responses to this entry through the RSS 2.0. Feel free to leave a response

0 comments for "အသင်း၏သတင်း ပြန်ကြားခြင်း"

Leave a reply