နယ်သူနယ်သားတွေ့ဆုံပွဲ
၂၀၁၀ ခုနှစ် ဇူလိုင်လ ၄ ရက် တနင်္ဂနွေနေ့ တွင်
စင်္ကာပူနိုင်ငံရောက် ဇာတိမြေ ကျောက်ပန်းတောင်းမှ ညီကိုမောင်နှမများ တွေ့ဆုံ ဆွေးနွေး ခဲ့ကြသည်။ ထိုတွေ့ဆုံပွဲတွင် အဝေးရောက် ကျောက်ပန်းတောင်းအသင်း အား အောင်မြင်စွာ ဖွဲ့စည်းခဲ့ကြသည်။
တွေ့ဆုံပွဲ ပြုလုပ်ကျင်းပရန် အတွက် 27/6/2010 နေ့မှ စတင်ကာ ဖုန်းမက်စေ့များ အီးမေးများ ဖေ့စ်ဘွတ်ကွန်တက် များမှ တဆင့် အားလုံး စုံစုံညီညီ တက်ရောက်ပါဝင်နိုင်ရန် သတင်းဖြန့် အသိပေးခဲ့ပါသည်။ တက်ရောက် လာကြသူများအား အားလုံး ကိုယ်စား အထူးကြေးဇူး တင်ရှိပါသည်။ မအားလပ်သဖြင့် မတက်ရောက် နိုင်သော အကို အစ်မ များအား နောက်အကြိမ် တွေ့ဆုံပွဲ တွင် လာရောက်ပေးကြဖို့ ဖိတ်ခေါ် အပ်ပါသည်။ လာမည့် အကြိမ် တွေ့ဆုံပွဲအား ယခု ဆိုဒ်တွင် ကြေညာပေးမည် ဖြစ်ပါသည်။ ယခင်နည်းတူ ဖုန်းမက်စေ့နှင့် အီးမေးများလဲ ပို့ကာ ကြေညာပါမည်။
အထက်ပါ တွေ့ဆုံပွဲနေ့တွင် ကျောက်ပန်းတောင်းသူ/သားများ မူလတွေ့ဆုံရန် ရည်ရွယ်ထားသော ရနံသစ် စားသောက်ဆိုင်မှာ လူများနေ သဖြင့် ထိုင်ခုံ အခက်ခဲကြောင့် လူစုံပြီဟုယူဆကာ ၉၉ စားသောက်ဆိုင်သို့ ပြောင်းရွှေ့ခဲ့ပါသည်။ အဆိုပါနေ့ ရနံသစ် သို့ ရောက်ရှိပြီး မတွေ့ဆုံလိုက်ရ သော အကိုအစ်မများအားလဲ တခါတည်း တောင်းပန်အပ်ပါသည်။
အားလုံး တိုင်ပင်ဆွေးနွေးကြရာတွင် တူညီသော စိတ်စေတနာမှာ အများပေါင်း၍ တစ်ဦးလျှင် (5 $ , 10 $) ငွေကြေးဖြင့် ဇာတိမြေသို့ ပညာရေး ကျန်းမာရေး လူမှုရေး အကူညီများ ပေးနိုင်ရန် ဖြစ်ပါသည်။
ယခင့်ယခင် နှစ်များက နာဂစ်မုန်တိုင်း တိုက်ခတ်ခံရခြင်း၊ မီးဘေးအန္တရယ်၊ မိုးခေါင်ရေရှားခြင်း စသော သဘောဝဘေး အန္တရယ်များ တွေ့ကြုံစဉ် လူအများ ဒုက္ခရောက်ကြရသည်။ ထိုသို့ ဒုက္ခတွေ့ကြုံစဉ် ပြည်တွင်းပြည်ပ အဖွဲ့စည်းပေါင်းစုံမှ အကူညီများ ပေးခဲ့ကြသည်ကို သာဓကယူကာ ဇာတိမြေအတွက် အရေးပေါ် အကူညီ လိုအပ်လာလျှင် ချက်ချင်း အကောင်ထည်ဖေါ် လုပ်ဆောင်နိုင်ရန် အတွက်လည်း ရည်ရွယ်ခဲ့ကြသည်။
ဆွေးနွေးဖွယ် ကိစ္စရပ်များမှာ မပြီးပြတ်သေးပေ။ နောက်အကြီမ် ထက်မံတွေ့ဆုံရာတွင် အကြောင်းအရာ အစုံ ထပ်မံ ဆွေးနွေးမည် ဖြစ်ပါသည်။
ဇာတိမြေနှင့် ဝေးကွာနေသော်လဲ ဇာတိမြေအတွက် တဖက်တလမ်းမှ ပါဝင်ကာ ကူညီစောင်ရှောက်ကြပါစို့ လို့ ဆန္ဒပြုရင်း.... မန်ဘာအဖြစ် ပါဝင်ကြဖို့ ဖိတ်ခေါ်အပ်သည်။
အဝေးရောက် ကျောက်ပန်းတောင်းအသင်း



