ကျွန်တော်တို့ မြို့မှ ဓလေ့ ဆိုရိုးစကားလေးများ (မိတ်ဆက်)

| |

အထက်က ခေါင်းစဉ်ကို တပ်ဖို့စိတ်ကူးမိတာက ကျွန်တော်တို့ မြို့လေးမှာ ကိုယ့်နေထိုင်ရာ ပါတ်ဝန်းကျင်အလိုက် ကြုံတွေ့ခဲ့ရတဲ့ အကြောင်းအရာလေးတွေ အပေါ်ကနေ ဟိုးယခင် ကျွန်တော်တို့ ဘိုးဘွား မိဘ များလက်ထက်ကတည်းက အခါအခွင့်သင့်တိုင်း သုံးစွဲခဲ့ကြတဲ့ ဆိုရိုးစကားလေးတွေနဲ့ အခြားနယ်ဒေသ များနှင့် မတူတဲ့ အသုံးအနှုန်းလေး တွေကို ကိုယ့်နယ်သူနယ်သားများသာမက အခြားစာဖတ်သူများနှင့် နီးစပ်သူများ သိရှိနားလည်စေရန် ရည်ရွယ်ပြီး ခေါင်းစဉ်တစ်ခုအနေနဲ့ ဖွင့်လိုက်ခြင်းဖြစ်ပါတယ်။

ဒီခေါင်းစဉ်အောက်ကနေ ကျွန်တော်တို့ကျောက်ပန်းတောင်းနယ်က ပြောလေ့ပြောထ ရှိတဲ့ ဆိုရိုးစကားလေးတွေနဲ့ အသုံးအနှုန်းလေးတွေကို နံပါတ်စဉ် တပ်ပြီး တင်ပြသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ အဝေးရောက်နေသူ မြို့သူမြို့သားများ တော်တော်များများ (အားလုံးနီးပါ) ဟာ ကျွန်တော်တို့ ငယ်ငယ်လေးကတည်းက ပြောဆိုလာတဲ့ အပြောအဆို၊ စကားအသုံးအနှုန်းတွေကို ပြောင်းလဲပြောဆိုကြခြင်းမရှိကြပါဘူး။ သိသာမြင်သာတဲ့ အချက်တစ်ချက်ကို ပြောပြရရင် မထင်မှတ်ဘဲ စာဖတ်သူရဲ့ဘေးတွင် ကျောက်ပန်းတောင်းသူ/သား တစ်ယောက်ယောက်သာ စကားပြောနေလျှင် စာဖတ်သူသာ ကျောက်ပန်းတောင်းသူ/သားဖြစ်ပါက ထိုစကားပြောနေသော သူအား စာဖတ်သူကိုယ်တိုင် မသိသော်လည်း ထိုသူသည် ကျောက်ပန်းတောင်းသူ/သားဖြစ်နိုင်သည်ဟု စာဖတ်သူ တွေးထင်မိစေမည်မှာ မလွဲပါ။ အဘယ့်ကြောင့်ဆိုရလျှင် ကျွန်တော်တို့ မြို့သူ/သား များတွင် သူများနှင့်မတူသော စကားပြောဟန် လေယူလေသိမ်းနှင့် စကားအသုံးအနှုန်းများ တမူကွဲပြားလျှက်ရှိသောကြောင့်ဖြစ်သည်။

ထို့ကြောင့် အထက်ပါ ခေါင်းစဉ်တစ်ခုကို ပိုစ့်အခွဲလေးများနှင့် နံပါတ်စဉ်တပ်ကာ တင်ဆက်သွားမည်ဖြစ်ပါသည်။ စာဖတ်သူမြို့သူမြို့သားများအနေနှင့် အခြားသူများအား မျှဝေချင်သော စကားလုံးလေးများ ရှိလျှင် စကားလုံး နှင့် သုံးနှုန်းသည့် နေရာ အဓိပါယ် အသေးစိတ်ကို ကျွန်တော်တို့ Site Admin email "kpg.kyaukpadaung@gmail.com" သို့ ပေးပို့မျှဝေ နိုင်ပါတယ်ခင်ဗျာ။

စားဖတ်သူများ ကျန်းမာရွှင်လန်းချမ်းမြေ့ပါစေ

အဝေးရောက် ကျောက်ပန်းတောင်းအသင်း

Posted by YEPHYO on 3:06 AM. Filed under . You can follow any responses to this entry through the RSS 2.0. Feel free to leave a response

0 comments for "ကျွန်တော်တို့ မြို့မှ ဓလေ့ ဆိုရိုးစကားလေးများ (မိတ်ဆက်)"

Leave a reply