ထေရဝါရ ဗုဒ္ဓဘာသာ
ဒီရက်ပိုင်း အချိန်လေးလဲရ စိတ်ကောင်းလေး နည်းနည်းရှိတော့ မြတ်ဗုဒ္ဓရဲ့ တရားစာပေ ဖြန့်ဖြူး တဲ့ ဆိုဒ်တွေ ဝင်ရောက် ဖတ်ရှုဖြစ်ပါတယ်။ ပုံမှန်အတိုင်း ဆို မဖတ်ဖြစ်ပါဘူး။ အလုပ်နဲ့လူက လုံးလည်လိုက်နေတာ စိတ်မငြိမ်တော့ စဉ်းစား ရမယ့် တွေးရမယ့် စာပေဆို ဝေးဝေးရှောင်တယ်။ မြန်မာ့အွန်လိုင်းခရီး က ၂၀၀၆ နဲ့ အခုနဲ့ဆို တော်တော်လေး ကွာပါတယ်။ အဲဒီတုန်းကဆို စိတ်ကူးရလို့ ဘုရား တရား စာပေလေး ဖတ်ချင်ရင် ဓမ္မဝဘ်ဒေါ့နတ် တခု လောက်သာ တွေ့မိတယ်။
ကိုယ်ပိုင် ကွန်ပျူတာကလဲ ရှိတာမဟုတ်တော့ ဖိုရမ်များမှာလဲ အချိန်ပေး မငြင်းနိုင်ပါဘူး။ ဒီလိုပဲ နေရင်းထိုင်ရင် လှုပ်ရှားရင်း ဘာသာရေးနဲ့ပတ်သက် လို့ စိတ်ထဲမရှင်းတာလေးတွေ တွေ့မိတော့ အမြန်နည်း ရှော့ကတ်သုံးလို့ ရှင်းဖို့ကြိုးစားမိတယ်။ ကိုးကွယ် ယုံကြည်မှု ဆိုင်ရာ မရှင်းတဲ့ မေးခွန်းလေးတွေ အဖြေပေးနိုင်တာ ဓမ္မရောင်ခြည် ဆိုတဲ့ ဆိုဒ်ပါ။ စာရေးသူကိုလဲ ကျေးဇူးတင်မိ ပါတယ်။
ဒီလိုနဲ့ပဲ အယ်လဖာ ဇော်ဂျီ ဖောင့်က မြန်မာ အင်တာနက်ကို မောင်းနှင် လာရင်း မြန်မာ ဝဘ်ဆိုဒ်တွေ တိုးလာခဲ့တယ်။ ဘာသာရေး နဲ့ ပတ်သက်လို့ ရဟန်းတော်များကို ပညာဒါန ကွန်ပျူတာ သင်ပေးတဲ့ စကိုင်း ဘလောက်ဂါ ဆရာတော် ဦးကောဝိဒ ပေါ်လာတယ်။ ဆရာတော် ဦးကောဝိဒ နဲ့ ဘလောက်ဂါ တို့ ကွန်ယက်ဖွဲ့ရာ အလှူဒါန ပြကြတယ်။ အဲဒီလိုနဲ့ စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်း ဝဘ်ဆိုဒ် ပေါ်လာတယ်။
အွန်လိုင်းမှာ မြတ်ဗုဒ္ဓရဲ့ တရားတော် တွေကို ဖြန်ဝေနိုင်ဖို့ တစ်ယောက်ပီး တစ်ယောက် စိတ်အားထက်သန်လာကြတယ်။ ဓမ္မဆောင်းပါး တွေရေးကြ တယ်။ စာအုပ်စာပေအနေနဲ့ ရှိနေတဲ့ တရားဓမ္မတွေကို ကွန်ပျူတာစာစီလို့ ဝဘ်ဆိုဒ်ပေါ်တင်ကာ ကုသိုလ်ယူကြတယ်။ ဆိုရှယ်ဆိုဒ်တွေ ခေတ်စား လာတော့ ဘာသာရေး ဆိုရှယ်ဆိုဒ်များ ပေါ်လာတယ်။ တစ်ယောက်နဲ့ တယောက် အတွေးအမြင် အတွေ့အကြုံ ဖလှယ်ကြတယ်။ အီးဘွတ်များ မျှဝေကြတယ်။ ဝမ်းသာ အားရစရာတွေပါပဲ။ (မည်သည့်နေရာတွင်မဆို အဆိုး အကောင်း ဒွန်တွဲနေသည်)။
ထို့အပြင် အိန္ဒိယနိုင်ငံ၊ သိရိလကာင်္နိုင်ငံတို့တွင် ဗုဒ္ဒစာပေ လေ့လာ သင်ယူ နေကြသော ရဟန်းတော်များ လဲ အွန်လိုင်းပေါ် ရောက်လာကြသည်။ အင်တာ နက်မှ နေ၍ မြတ်ဗုဒ္ဓတရား တော်များ ဖြန့်ဝေသည်။ သာသနာပြုသည်။ သီတဂူ ဆရာတော်ကြီး၏ တပည့် သီတဂူစတား ဆိုဒ်သည် ကြည်ညိုဖွယ် အတိဖြစ်သည်။ သီတဂူ၏ လုပ်ငန်းစဉ်များ ဆေးဝါးဒါန အလှူတန်းများ သီတဂူဆရာတော်ကြီး၏ ခရီးစဉ်များနှင့် ဓမ္မစာပေများ ပြည့်စုံစွာ လွှင့်တင် ထားသည်။
ထင်ရှားသော ဆရာတော်များဝဘ်ဆိုဒ်များ၊ လူပုဂ္ဂိုလ်များ၏ ဓမ္မဝဘ်ဆိုဒ်များ အချင်းချင်း လင့်များ ချိတ်ဆက်ကာ ဗုဒ္ဓ၏ တရား တော်များ ပြန့်ပွားရေး ကို ကူသိုလ်ယူ ကြသည်။ လေ့လာကြသည်။ ၄င်းဝဘ်ဆိုဒ်များမှ အချို့အား (လင့်) ဖေါ်ပြ လိုက်ပါသည်။
ဓမ္မစေတမန် ၊ သီရိမင်္ဂလာကျောင်းတိုက် ၊ ဝေဇယန္တာကျောင်းတိုက်၊ ပိုင်းလော့ဆရာတော်၊ ဖြူးဆရာတော်၊ ဓမ္မရံသီစာမျက်နှာ၊ မဇ္ဖျိမဂုဏ်ရည်ဆ၇ာတော်၊ မဟာစည်သာသနရိပ်သာ၊ မိုးကုတ်ဝိပသနာ၊ သီတဂူအဖွဲ့၊ အရှင်ဇဝန(ရွှေပြည်သာ) ၊ ထေရဝါရဗုဒ္ဓဘာသာလူငယ်များ ၊ Lotus Foundation ၊ Dhama LIVE ၊ အရိယာဝါသဓမ္မရိပ်သာ၊ ဝိမုတ္တိရသ၊ သာသနာ့ရောင်ခြည်၊ အဖြူရောင်မေတ္တာ၊ တရားစာအုပ်များဒေါင်းလုတ်ဖတ်ရန်။
အထက်ပါ ဆိုဒ်များ သွားရောက် လည်ဖတ် ဖတ်ရှုဖူးပါတယ်။ မိတ်ဆွေ သူငယ်ချင်း များ အတွက် မျှဝေလိုက်ပါတယ်။ နောက်ပြီးတော့ Google map ကနေ ဗုဒ္ဓပွင့်တော်မူခဲ့တဲ့ နေရာကို ကြည့်လို့ရပါတယ်။ ဗုဒ္ဓဘာသာ ပြန်ပွားမှု ကိုလဲ ခန့်မှန်း လေ့လာနိုင်ပါတယ်။ ဂင်္ဂါ မြစ်ထဲက သဲတွေဖွေးဖွေးကိုလဲ မြင်ရတယ်။ အိန္ဒိယ၊ သိရိလင်္ကာ၊ နိပေါ့၊ တရုတ်ပြည်၊ ဘင်္ဂလာဒေ့ရှ်၊ မြန်မာ၊ ထိုင်း၊ လာအို၊ ဂျပန် နိုင်ငံများသို့ ဗုဒ္ဓဘာသာ ဘယ်လိုပျံ့နှံသွားသလဲ ဘယ်လို ကွဲပြားသွားသလဲ ခန့်မှန်း လေ့လာနိုင်ပါတယ်။
မိတ်ဆွေအားလုံး စိတ်၏ချမ်းသာခြင်း ထာဝရ ရှိကြပါစေ။



