မကြာမှီလာမည် မျှော်

| |

ပြီးခဲ့တဲ့ သတင်းပတ်က အလုပ်ထဲမှာ အားတဲ့ အချိန်လေး ခိုးပြီး အပင်တွေ အကြောင်း တော်တော်လေး ရေးဖြစ်တယ်။ ရေးဖြစ်တယ်တော့ဟုတ်ပါဘူး ကော်ပီလုပ်တာ ခပ်များများပါ။ စာဖတ်သူ မှတ်ချက် အဖြစ် ကိုဌေးမင်းဝေ က ပြောတယ်။ “I appreciate your post about trees around KPG ! But If u can , please add myanmar names , englisg names , scientific names , habitats , required conditions , profits , life-time ,etc… !
Thanks for your post. အင်္ဂလိပ်စာတော့ သိပ်မတတ်ဘူး။ If u can ဆိုတာ  ဖြစ်နိုင်ရင်လို့ ပြောတာတော့ သိတယ်။

အကိုရေ ကျွန်တော့်အနေနဲ့ အများကြီး ရေးချင်ပါတယ်။ တကယ်တော့ ကျွန်တော်ဟာ ရွာသားမို့လို့ သစ်ပင်နဲ့ အကျွမ်းတဝင်ရှိတာပါ။ အပင်တွေ အကြောင်းကို သိပ္ပံနည်းကျ တော့ မသိဘူး။ အင်္ဂလိပ်လို ရေးသားထားတာတွေ ဝီကီပီဒိယ အင်တာနက်မှာ ရှာပြီး ဘာသာပြန်မယ်ဆိုရင်တော့ ဖြစ်နိုင်ပါ တယ်။  တမာပင်နဲ့ပတ်သက်လို့wikipediaမှာ ဒီလိုရှာတွေပါတယ်။ ကျွန်တော့်အနေနဲ့ ရေးသားချင်ပေမယ့် ......အဟဲ.. ရေးတတ်ဘူး.. ဆယ်တန်းထိပဲ အင်္ဂလိပ်စာ သေချာ သင်ခဲ့ဖူးတာဗျ ။ မြန်မာစာတောင် အမှားနည်းအောင် မနည်းရေး ရတယ်။

ဒါပေမယ့် ပြသနာတော့မရှိပါဘူး အကို။ နောက်ဆုံးသတင်းရထားတယ်။ ကျောက်ပန်းတောင်း အသင်းကနေ သုတ စာပေ၊ ရသ စာပေ၊ နည်းပညာ စာပေ နဲ့ ပတ်သက်တဲ့ စာတွေရေးပေးကြဖို့  ကျောက်ပန်းတောင်း နယ်က ပရော်ဖက်ရှင်နယ် (အင်ဂျင်နီယာ) များ ကို ဖိတ်ခေါ် ထားပါတယ်။ လက်လှမ်းမှီရာ အကို အစ်မများကေ၇းပို့ပေး မယ်လို့ ပြောပါတယ်။  နယ်သူ နယ်သား ဝါသနာရှင် ပရော်ဖက်ရှင်နယ် များ၏ စာပေ လက်ရာများ မကြာခင်  ဖတ်ရှု ရမယ်လို့  မျှော်လင့်ရပါတယ်။ အားတက်ဖွယ်ရာ သတင်းတခုပါပဲ။

Posted by YEPHYO on 8:20 PM. Filed under . You can follow any responses to this entry through the RSS 2.0. Feel free to leave a response

1 comments for "မကြာမှီလာမည် မျှော်"

  1. ဝေးး . သတင်းကောင်းဗျို့..။ များများရေးကြပါဗျာ.။

Leave a reply