ပုပ္ပါးတွင်စကားဝါပင် ၁၅ဝဝ ပြည့်အောင်စိုက်မည်

ပုပ္ပါးတောင်တွင်  စကား ဝါပင်များ  ပြည်လည်စိုက်ပျိုးမှု များကို သစ်တော သယံဇာတ ပတ်ဝန်းကျင်ဖွံ့ဖြိုးတိုး တက်ရေး နှင့်  ထိန်းသိမ်းရေးအသင်းမှ ပြုလုပ် လျက်ရှိရာ ၂ဝ၁၁ အတွင်း အပင် ရေ ၁၅ဝဝ ပြည့်အောင် စိုက်ပျိုး သွားမည်ဖြစ်ကြောင်း သိရသည်။

ပထမက စကားဝါပင် ၂ဝဝ စိုက်တာ အောင်မြင်တယ်။ ပုပ္ပါး တောင်မကြီးကို သွားတဲ့လမ်းမှာ လည်း စိုက်တယ်။ ဗျတ္တလမ်းမှာလည်း စိုက်တယ်။ အခု ၂ဝဝ ထပ်စိုက် တယ်။ နောက်ထပ်လည်း ၁ဝဝ ထပ် စိုက်ဦးမယ်။ စကားဝါ ပင် ၁ဝဝဝ ကို လည်း ထပ်ပျိုးထားတယ်။ ၂ဝ၁၁ ခုနှစ်မှာ အပင်ရေ ၁၅ဝဝ ပြည့်အောင်စိုက်ဖို့အတွက်ပေါ့” ဟုFREDA မှ ဦးအုန်းက ပြောသည်။

လက်ရှိပျိုးထားသည့် အပင် ၁ဝဝဝ ကို လာ မည့် မိုးရာသီတွင် စိုက်ပျိုး သွားမည်ဖြစ်သည်။  ပုပ္ပါးနဲ့ စကားဝါဆိုတာခွဲလို့ မရဘူးလေ။ အခုနောက်ပိုင်း ပုပ္ပါး မှာက စကားဝါပင်တွေရှားပါးလာ ခဲ့တယ်။ စကားဝါ မရှိရင် ပုပ္ပါး ဟာ အင်္ဂါရပ်နဲ့မညီတော့ဘူးလို့တောင် ပြောလို့ ရတယ်။ အဲဒါကြောင့် ပုပ္ပါး မှာ စကားဝါစိုက်ဖို့ ကြိုးစားဆောင် ရွက်ခဲ့တာ ပါ” ဟု အထက်ပါ ပုဂ္ဂိုလ်က ထပ် လောင်း ပြောသည်။ ထို့အပြင် ၁၉၈၂ ခုနှစ်တုန်းက ပုပ္ပါးတောင်တွင် နေထိုင်ခဲ့သော မျောက်မျက်ကွင်းဖြူများကို ပစ်ခတ်စားသောက်မှုများရှိသော ကြောင့် မျိုးတုံးမသွားစေရန်FREDA မှ ထိန်းသိမ်းထားခဲ့ ကြောင်း၊ ထိုသို့ထိန်းသိမ်းထားပြီး နောက်ပိုင်း အဆိုပါ မျောက်များ တိုးပွားလာပြီး အုပ်စု ၃ ခုအထိ ဖြစ်သွားကြောင်း၊ ပုပ္ပါးတောင်မှ ထို မျောက်များကို  လေ့လာနိုင် ရန်အတွက်လည်း FREDA မှ မှန်ပြောင်းတစ်လက် လှူထားခဲ့ ကြောင်း သိရသည်။
popularmyanmar.com မင်းချစ်နိုင်

Posted by YEPHYO on 7:22 PM. Filed under , , . You can follow any responses to this entry through the RSS 2.0. Feel free to leave a response

0 comments for "ပုပ္ပါးတွင်စကားဝါပင် ၁၅ဝဝ ပြည့်အောင်စိုက်မည်"

Leave a reply