ကျောက်ပန်းတောင်းတွင် ဒိုင်နာကားတိမ်းမှောက်။
မိတ္ထီလာ - ကျောက်ပန်းတောင်း ကားလမ်းပေါ်တွင် ဒီဇင်ဘာ ၁၆ ရက် ညပိုင်းက ကား ချင်းရှောင်ရာမှ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးတိမ်းမှောက်မှုဖြစ်ပွားခဲ့သည်။
အဆိုပါယာဉ်တိမ်းမှောက်မှုတွင် ခရီးသည် ၁ ဦး ပွဲ ချင်းပြီးသေဆုံးပြီး ၅ ဦး အပြင်းအ ထန်ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၆ ရက် ည ၁ဝ နာရီအချိန်က ပျော်ဘွယ် မြို့နယ်၊ ညောင်ကုန်း ကျေးရွာမှ ရာ ဇာထွန်း (ခ)ပေါက်တူးသည် ၅က/…. ဒိုင်နာခြောက်ဘီးကား အား ညောင်ကုန်းမှ မိတ္ထီလာဈေးသို့ ခရီးသည် ၂၁ ဦး တင်ဆောင်၍ မောင်းလာခဲ့ရာ မိတ္ထီလာမြို့နယ်၊ မြင်းကန်ကျေးရွာအနီး၊ ကျောက်ပန်း တောင်းကားလမ်း၊ မိုင်တိုင်အမှတ် ၄/၅ အရောက်တွင် မျက်နှာချင်း ဆိုင်မှ ကားတစ်စီးအား ရှောင်လိုက် ရာ ကားမှာ အရှိန်မထိန်းနိုင်ဘဲ လမ်း၏ လက်ယာဘက်သို့ တိမ်း မှောက်သွားခဲ့သည်။
ကားတိမ်း မှောက်၍ ကားပေါ်ပါခရီးသည်များ အနက် ညောင်ကုန်းရွာနေ မနှင်း နွယ်သည် ဒဏ်ရာများရရှိပြီး နေရာ တွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း ။ ညောင်ကုန်းရွာမှ လိုက်ပါ လာကြသည့်ခရီးသည် ၅ ဦးမှာ ဒဏ်ရာအသီးသီး ရရှိသွားသဖြင့် မိတ္ထီလာ ဆေးရုံကြီးသို့ တင်ပို့ထားကြောင်း။ ယာဉ်တိုက်မှုကို မိတ္ထီလာ အမှတ် ၁ ရဲစခန်းက (ပ)၅၈၃/ ၂ဝ၁ဝ ပုဒ်မ ၃ဝ၄ (က)/၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
popularmyanmar.com ကျော်ဇေယျ (မိတ္ထီလာ)



