ကျွန်တော်နှင့်ကျောက်ပန်းတောင်းအသင်း
http://kyaukpadaung.ning.com > မှ ပိုစ်အား အချိန်မှီကူးယူသည်။
ကျွန်တော် ၂၀၀၇ ခုနှစ် နှစ်လည် ခန့်မှ စလို့ ဘလော့ဂ် နှင့် ဘလော်ဂါ အသိုင်းဝိုင်းသို့ blogger.com ဘလော့ဂ် တစ်ခုနဲ့ ၀င်ရောက်ခဲ့ပါတယ်။ အားကျစရာ ဘလော်ဂါတွေ အနေနဲ့ နာဂစ်မုန်တိုင်းမှာ စုဝေးလို့ ကူညီမှုပေးတာတွေ၊ မိမိ ဇာတိ မြို့ရွာကို အခြေခံလို့ လူမှုရေး အကူညီများပေးတာတွေ၊ တစ်ယောက်နှင့် တစ်ယောက် မမြင်ဖူးပါသော်လဲ အွန်လိုင်းမှာ စကားပြော ယုံကြည်မှု ရယူကာ မိမိတို့ ဇာတိမြေ၊ အမိမြေ အတွက် ပူးပေါင်းလုပ်ဆောင်မှုတွေကို အားကျဖွယ် တွေ့ရ ပါတယ်။
အဲဒီတုန်းက ကျွန်တော် တစ်ယောက်တည်း ရောင်လည်လည်နဲ့ ကျောက်ပန်းတောင်းသား ဘလော်ဂါ များရှိလေမလားလို့ မြန်မာ ဘလော်ဂါအသင်းကြီးမှ လိုက်ရှာမိပါတယ်။ ဘလော်ဂါတစ်ယောက် လမ်းညွန်မှုနဲ့ ပထမဆုံးတွေ့တဲ့ ကျောက်ပန်း တောင်းသား ဘလော့ဂ် ကတော့ စကားဝါမြေဘလော့ဂ် ဖြစ်ပါတယ်။ ဆိုဒ်ကို ဖန်တီးသူနဲ့ တိုက်ရိုက် စကားပြောဆိုမှု မရှိပေမယ့် C-box မှာ မိတ်ဆက်လို့ ကျောက်ပန်းတောင်းသားချင်း ရင်းနီးမှု ရခဲ့သလို ကျွန်တော့်ဘလော့ဂ်မှာ လင့်တခု အဖြစ် ချိတ်ဆက်ထားခဲ့ပါတယ်။ အဲဒီသူကတော့ ကိုရဲဖြိုး (စကားဝါမြေ) ဖြစ်ပါတယ်ခင်ဗျာ။
ပထမ ကိုရဲဖြိုး (စကားဝါမြေ) နဲ့သိပ်မခင်သေးပါဘူး။ စကားဝါမြေဆိုဒ်က တရားစာတွေချည်း ရေးတာဆိုတော့ အသက် ကြီးကြီး တစ်ယောက်ပဲလို့ထင်မိ တယ်။ ဒါပေမယ့် ကိုရဲဖြိုးက ကျွန်တော့်ထက်ငယ်နေတယ်။ ဘုရား တရားလုပ်တာ အသက်ရွယ်နှင့် မဆိုင်ဘူးဆိုတာ လက်တွေ့ပါပဲ။ နောက်တစ်ယောက်ကတော့ မောင်မောင်ဆိုလေထီးရိုးရှည် ဘလော့ဂ် ပိုင်ရှင် အီတလီနိုင်ငံက ကျောက်ပန်းတောင်းသား ဘလော်ဂါ ကိုမောင်မောင် ဖြစ်ပါတယ်။ သူ့ဘလော့ဂ်မှာ အီတလီ နိုင်ငံက အထင်ကရ အနုပညာ လက်ရာများစွာ ကြည့်ရှုနိုင်ပါတယ်။ ကျွန်တော် ကတော့ ထန်းလျှက်ခဲ ဓာတ်ပုံလေးကို သူ့ဆီက ယူခဲ့ဖူးပါတယ်။ သွေးချင်းတွေ ဆိုတော့ ကျွန်တော့် ဘလော့မှာ ထပ်မံလို့ လင့်ချိတ် ဆက်ထားခဲ့ပါတယ်။
ဒီလိုနဲ့ ဘလော့ဂ်ရေးရင်း ရန်ကုန် ၊ မန္တလေး စသည် ပြည်တွင်းက ဘလော်ဂါတွေ၊ ကမ္ဘာပေါ်က နိုင်ငံပေါင်းစုံက မြန်မာ ဘလော်ဂါ တွေနဲ့ သတင်း၊ နည်းပညာ၊ ဗဟုသုတ များ ဖလှယ်ရင်း ဘလောဂ်ဂါ ရေစီးကြောင်းမှာ အလိုက်သင့်မြော ပါနေခဲ့ပါတယ်။
၂၀၀၉ ခုနှစ် အစောပိုင်းမှာ ကျွန်တော့်ဘလော့ဂ် ကို လာလည်ရင်း ခင်မင်ခွင်ရသူ ကျောက်ပန်းတောင်းသား တစ်ဦးရှိ ပါတယ်။ သူကတော့ ဆရာတော် အရှင်တေဇနိယ ဖြစ်ပါတယ်။ ဆရာတော်ဟာ အိန္ဒိယနိုင်ငံ ဆန်ကရစ် တက္ကသိုလ်မှာ ဒေါက်တာဘွဲ့ စည်းပူးနေသူ တစ်ဦးဖြစ်ပါတယ်။ ဆရာတော်ဟာ ကျွန်တော်သိတဲ့ တတိယမြောက် ကျောက်ပန်းတောင်း သား ဘလော့ဂါ ဖြစ်ပါတယ်။ ဆရာတော်ရဲ့ဘလော့မှာ ဗုဒ္ဒဂယာမှ ရှေးဟောင်းစေတီပုထိုးများ စုံလင်စွာ ဖူးတွေ့နိုင်ပါ တယ်။ ဆရာတော်ဟာ ဗုဒ္ဒစာပေမှာသာမက ကွန်ပျူတာ ပညာရပ်မှာလဲ နှံစပ်ကျွမ်းကျင်ပါတယ်။
အဲဒီလို အဲဒီလိုနဲ့ပေါ့ .. ကိုရဲဖြိုးက ကျောက်ပန်းတောင်းအသင်း ဆိုဒ်ကို တည်ထောင်လိုက်တဲ့အခါ .. အကိုရေ အားပေး ပါဦး လို့ ဖိတ်ခေါ်မှု နဲ့အတူ ကျောက်ပန်းတောင်းအသင်းမှာ မန်ဘာဝင်ဖြစ်ပါတယ်။ ကျောက်ပန်းတောင်း အသင်းဆိုဒ်ကို ကျွန်တော်ရောက် တော့ အတော်လေးလူစည်နေပါပီ။ နိုင်ငံရပ်ခြားရောက်နေသူ များအတွက် ကျောက်ပန်းတောင်က ညီငယ် ညီမငယ်များက ဓာတ်ပုံ တွေတင်ပေးတယ်။ လူတွေစုံလာတော့ မိတ်ဆက်ကြ၊ တချို့လဲ အပြင်မှာ ခင်မင်တဲ့သူတွေ ဆိုဒ်ထဲမှာ တွေ့ကြရတယ်။ ပျော်တာပေါ့။ တချို့လဲ ..ဟေ့..နင်က.. ဟိုတစ်ယောက်မဟုတ်လား .. အထက (၁) ကလေ.. လွတ်လပ်ရေးကလေ. ဟင့်အင်း... မဟုတ်ပါဘူး.. မြို့မ ကပါ.. စသည်ဖြင့် မိတ်ဆက်လို့ ခင်ခင်မင်မင် စကားပြော နေကြ တာတွေတွေ့ရတယ်။
အဲဒီမှာ စတွေ့တာကတော့ စာပေ၀ါသနာပါတာချင်းတူတဲ့ ကိုအောင်မျိုးမင်း (အင်တောကျယ်) ဖြစ်ပါတယ်။ သူက ကဗျာ လှလှလေး တွေ လက်စွမ်းပြတယ်။ နောက်တစ်ယောက်က ကျွန်တော်ရေးတဲ့ ပိုစ်တွေမှာ ကွန်မင့်တွေပေးတဲ့ ကိုညီညီ ကျော် ဖြစ်ပါတယ်။ သူကတော့ ကျွန်တော်သိတဲ့ လေးယောက်မြောက် ကျောက်ပန်းတောင်းသား ဘလော့ဂါဖြစ်ပါတယ်။ အနာဂတ်သံစဉ် အမည်နဲ့ ခံစားမှု နုနုလှလှ အတွေးလေးတွေ နဲ့ ရသစာပေပေရးဖွဲ့မှုတွေ တွေ့ရပါတယ်။
ကျောက်ပန်းတောင်းဆိုဒ်မှ ကိုကျော်နိုင်ထွန်း၊ ကိုချစ်ဆန်းမောင်၊ ကိုအောင်မျိုးမင်း၊ ကိုညီညီကျော် တို့ကို အပြင်မှာ တွေ့ဖူးပါတယ်။ တစ်ရွာတည်းသား မလေးရှားက ညီငယ် မောင်ငြိမ်းချမ်းလဲ ကျောက်ပန်းတောင်းအသင်းမှာ တွေ့ရပါတယ်။
နောက်ထပ် ခင်တဲ့ ကျောက်ပန်းတောင်းက သူငယ်ချင်းတွေကတော့ မန္တလေးက မလဲ့ရည်မွန် (ကေအမ်ဒီ ကွန်ပျူတာ သင်တန်း ဆရာမ) ဖြစ်ပါတယ်။ လူမှုရေးလုပ်ငန်းများကို စိတ်ပါဝင်စားစွာ ကူညီချင်သူ ညီမငယ်လေးဖြစ်ပါတယ်။ နောက်တစ်ယောက်က တော့ မလေးရှားက ညီငယ် မောင်အောင်မြတ်မင်း ဖြစ်ပါတယ်။ သူကလဲ အဝေးရောက် ကျောက်ပန်းတောင်းအသင်းကနေ လူမှုရေး အကူညီတွေ ပေးတဲ့ အစီအစဉ်ကို အကိုရေ..ကောင်းပါတယ်လို့ အားပေးပါတယ်။
နောက်ထပ် နောက်ထပ် ခင်မင်ရသူတွေ အများကြီးရှိပါတယ်။ ညီမ နှင်းချယ်ရီ၊ ညီမ သီရိဇော်၊ ညီငယ် သာယာအေးက ဖိုးကံကောင်း စသည် အများကြီးပါပဲ အားလုံးကိုခင်ပါတယ်။ အရင်တုန်းက တစ်ယောက်တည်းအဖေါ်မဲ့နေတဲ့ ကွန်တော် အခုတော့ ကိုယ့်မြို့ဇာတိက ညီငယ် တွေနဲ့ အွန်လိုင်းမှာ ခင်မင်ခွင့်ရလို အထူးအားရ ကြေနပ်မိပါတယ်။
နောက်တစ်ယောက်ရှိသေးတယ်.. မေ့နေလိုက်တာ - သူကတော့ ကျောက်ပန်းတောင်းက ကင်မရာမင်း ကိုပိုင်ရှင်းသန့် ဖြစ်ပါတယ်။ ကျောက်ပန်းတောင်မြို့ မြို့ဦးစေတီ ပုံများ နဲ့ ဇာတိမြေ အလွမ်းပြေ ကြည့်ဖို့ ဓာတ်ပုံများကိုတင်ပေးသူဖြစ်ပါတယ်။ လက်စွမ်းထက်တဲ ရိုက်ချက်တွေနဲ့ ခင်ဖို့ကောင်းတဲ့ ညီငယ်လေး တစ်ဦးဖြစ်ပါတယ်။
ကျောက်ပန်းတောင်းက မဟုတ်ပေမယ့် ကျောက်ပန်းတောင်းဆိုဒ်ကို ၀ိုင်းဝန်းအားပေးတဲ့ သူငယ်ချင်းများလဲ ရှိပါတယ်။ သူတို့ကတော့ ယင်းမပင်မြို့က ဘလော့ဂ်ဂါ daywalker၊ ပွင့်ဖြူမြို့ ရေချမ်းစင်ရွာက ဘလော်ဂါ ကိုရဲလေး (နေပြည်တော်)၊ ရန်ကုန်မြို့ Inforithm_Maze က မလင်းမိုးခင် ၊ ရန်ကုန်က ညီငယ်လေး သန်းထိုက်၊ ၀မ်းတွင်းမြို့ကညီငယ်လေး မောင်ကျော်မျိုးဝင်း၊ ရန်ကုန်က အစ်မ မချမ်းမြတ်အောင် တို့ဖြစ်ပါတယ်။ ကျောက်ပန်းတောင်းမြို့လေးကို ချစ်ခင် ၀ိုင်းဝန်း ကြလို့ ကြေးဇူးတင်ပါတယ်။
အထူးကျေးဇူးတင်ရမယ်သူ တစ်ဦးရှိပါသေးတယ် သူကတော့ ကျွန်တော့်ဘ၀ရဲ့ အင်းအားတွေဖြစ်စေတဲ့ ချစ်သော စံပယ်ဖြူ ဖြစ်ပါတယ်။ ဘယ်သူနဲ့ချက်နေလဲ .. လို့ မအားဘူးလား ..ဘာလုပ်နေလဲ.. နားပူနစာ မလုပ်ပဲ နားလည်မှုပေးခြင်း၊ အွန်လိုင်း စာပေမြတ်နိုးခြင်း၊ ဇာတိမြေအားချစ်ခြင်း စသော ၀ါသနာကို နားလည်ပေးခြင်းကြောင့် အထူးကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။
ကျောက်ပန်းတောင်းဇာတိ မန်ဘာများကို တခုလောက်ပြောချင်ပါတယ်။ ကျောက်ပန်းတောင်းအသင်းလေးကို ဇာတိမြေက လူ အများသိအောင် တစ်ဆင့်စကားနဲ့ လက်ဆင့်ကန်းပြောပြေကြပါ။ သူငယ်ချင်းတွေကို ဖိတ်ခေါ်ပေးကြပါလို့ပြောချင်ပါတယ်။ မန်ဘာအချင်းချင်း ခင်မင်မှု ယုံကြည်မှု တည်ဆောက်ကြပါလို့။ ဇာတိမြေ၏ သာရေး နာရေး လူမှုရေးတွေမှာ ၀ိုင်းဝန်း ကြစို့ လို့ ပြောချင်ပါတယ်။ ။
မှတ်ချက် =>> “ကျွန်တော်နဲ့ကျောက်ပန်းတောင်းအသင်း” ခေါင်းစဉ်ဖြင့် ပိုစ်ရေးသားရန် ဆိုဒ်ပိုင်ရှင် ကိုရဲဖြိုး (စကားဝါမြေ) နှင့် ကိုညီညီကျော် အနာဂါတ်သံစဉ် တို့အေား Tag လိုက်ပါတယ် အမြန်ဆုံးရေးသားရန် ဖြစ်ပါတယ် …. :P.



