ကျွန်တော်နှင့်ကျောက်ပန်းတောင်းအသင်း

| |

http://kyaukpadaung.ning.com > ညီညီ(အနာဂါတ်သံစဉ်) ရေးသည်။
ပထမဦးစွာ “ကျွန်တော်နှင့် ကျောက်ပန်းတောင်းအသင်း” ဟူသော ပိုစ့် ကို တဂ်ထားသော အစ်ကို ဆန်းဝင်း (ကျောက်ပန်း တောင်း) ကို ကျေးဇူး အထူးတင်ပါတယ်။ ကျွန်တော်ကတော့ ကျောက်ပန်းတောင်းမြို့ မှာမွေးပြီး ကျောက်ပန်းတောင်းမြေ မှာပဲ ကြီးပြင်လာတဲ့ ကျောက်ပန်းတောင်းသား စစ်စစ်တစ်ယောက်ပါ.။ ကျွန်တော့်ကို ဒီကျောက်ပန်းတောင်း အသင်းနဲ့ စတင်မိတ်ဆက်ပေးသူကတော့ ကျွန်တော့်ရဲ့ ချစ်ကိုကြီး ကိုချစ်စန်းမောင် ပဲဖြစ်ပါတယ်။ ကျွန်တော်စ၀င်တော့ အသိဆိုလို့ ကိုချစ်စမ်းမောင် တစ်ယောက်ပဲရှိသေးတာပါ။ ကိုချစ်စန်းမောင် ပြောပြချက်အရ ကိုရဲဖြိုးသူ ဆိုသော သူ၏ သူငယ်ချင်း တစ်ယောက်မှ ကျောက်ပန်းတောင်း မြို့သူမြို့သားများအတွက် ရည်ရွယ်ပြီးဖန်တီ်းထားခြင်းဖြစ်ကြောင်းသိရသည်။

ကိုရဲဖြိုးသူကို ထိုအချိန်ကမသိသေးပေ. နိုင်ငံခြားတွင် ပညာသင်ကြားနေသည် ဤမျှလောက်သာ သိသည်။ နောက်တော့မှ တစ်ဖြေးဖြေး ဟိုလူရေးတာ လျှောက်ဖတ် ဒီလိုရေးတာလျှောက်ဖတ်နဲ့ (ဖတ်ဖတ် ကိုမော) အဲလေ ဖတ်ကောင်းကောင်းနဲ့ လျှောက်ဖတ်နေရာမှ တစ်ခုသောပိုစ့်မှာ အရမ်းစိတ်ဝင်စားသွားမိသည်။ ထိုပိုစ့်မှာ "စင်ကာပူတွင်သာသောလ" ဆိုသော ခေါင်းစဉ်နှင့် ပိုစ့်တစ်ခု အမိမြေကို လွမ်းနေချိန်တွင် အဆိုပါ ပိုစ့်ကို ဖတ်လိုက်ရတော့ ခံစားချက် နည်းနည်းလေးပိုပြင်း လာခဲ့ပါတယ်။ အိမ်ကို ပိုလွမ်းမိလာပါတယ်။ ရေးသားသူ ကိုဆန်းဝင်းရဲ့ စာအရေးအသားကိုလည်း လေးစားအားကျမိ လာပါတယ်.။ ကိုဆန်းဝင်းလည်း စင်ကာပူမှာပဲလို့ သိလိုက်ရတဲ့အတွက် များစွာ ၀မ်းမြောက်ဝမ်းသာဖြစ်မိ၍ ဖုန်းနံပါတ် အငမ်းမရတောင်းပါတော့တယ်. (သတိ - Q ရန်မဟုတ်ရပါ. ယောက်ကျားလေးခြင်းကိုး :) ) ။ ဒီလိုနဲ့ ကျွန်တော်လည်း အားချိန်တိုင်း စာတွေဝင်ဝင်ဖတ်ပါသည်။ နောက်တော့ ကိုယ်ပိုင် ဘလော့လေး "အနာဂါတ်သံစဉ်" ကိုစတင်ဖန်တီး လိုက်ပါသည်။ ခံစားချက် ရသ စာပေတွေ ရေးရင်းနှင့် အစ်ကိုဆန်းဝင်းနှင့် ပိုမို ရင်းနှီးလာပါတယ်.။

တစ်ရက်သော နေသာသော တစ်နေ့မှာတော့ အစ်ကိုဆန်းဝင်းဖုန်းဆက်လာပါတယ်.။ ကျောက်ပန်းတောင်းအသင်းမှ ညီအစ်ကိုများနှင့် ဆုံဆည်ကြရန်ရှိတဲ့အကြောင်း ဖုန်းဆက်လာပါတယ်။ အဲဒီ ပထမဆုံး ကျောက်ပန်းတောင်းအသင်းသားများ ဆုံးတွေ့ပွဲ အကြောင်းအား ပိုစ့်တစ်ပုဒ် ရေး၍ တင်ခဲ့ဖူးပါသည်။ အသေးစိတ်ဖတ်လိုသော ဆန္ဒ ရှိပါက ဤနေရာတွင် နှင့် အစ်ကိုဆန်းဝင်း ဘလော့ ဆန်းဝင်း(ကျောက်ပန်းတောင်) နှင့် ကျွန်တော့်ဘလော့ "အနာဂါတ်သံစဉ်" တို့တွင် သွားရောက် ဖတ်ရှု့နိုင်ပါသည်။ ဤ သို့ ဤ ပုံ တွေ့ကြဆုံကြ သောက်ကြစားကြရင်း (လ္ဘက်ရည် နှင့် အကြော်) :D အထင်မမြင်များမလွဲစေချင်ပါ. :) ညီအစ်ကိုအရင်းတွေလို ခင်မင်သွားကြပါတယ်။ ကိုရဲဖြိုးသူနဲ့လည်း အပြင်မှာသာ မတွေ့ရ မခင်ဘူးတာပါ အွန်လိုင်း ပေါ်မှာ အမြဲတွေ့ဖြစ် ဆုံးဖြစ်ကြရင် ညီအစ်ကိုတမျှ ခင်မင်သွားကြပါတယ်။ အစ်ကိုရဲဖြိုးမှတော့ ဤသို့ ဟုတ်မည်မထင် အဘယ့်ကြောင့်ဆိုသော အစ်ကို ရဲဖြိုးနှင့် အွန်လိုင်းတွင် တွေ့တိုင်း ကျွန်တော် ပြဿနာ တစ်ခုမဟုတ် တစ်ခု တက်နေ၍ ကူညီဖြေရှင်းပေးရခြင်းကြောင့် ကျွန်တော့်အား တော်တော် အမြင်ကပ်နေလောက်ပြီ ထင်ပါသည်. အဟီး . ကျွန်တော်၏ ဘလော့ဂ် လိပ်စာပြောင်းရွှေ့ ခြင်းတွင် စိတ်ရောကိုယ်ပါ ကူညီပေးခဲ့ပါသည်။ အလွန်မှ သဘောကောင်းသော လူတစ်ဖက် သားအား နားဝင်ချိုသော စကားဖြင့်သာ ပြောဆိုတတ်သော ကျွန်တော်တို့၏ ကျောက်ပန်းတောင်း အသင်းဆိုဒ်ကိုမွေး ထုတ်ပေးသော ကိုရဲဖြိုးသူအား အလွန်မှ ကျေးဇူးတင်ကြောင်းပြောချင်ပါသည်။

ကျောက်ပန်းတောင်းအသင်း ဆိုဒ်လေးမှ တဆင့် ခင်မင်ခွင့် ရရှိခဲ့သူများမှာတော့ ဆရာတော် အရှင်တေဇနိယ (ဆရာတော်ဟာ အိန္ဒိယနိုင်ငံ ဆန်ကရစ် တက္ကသိုလ်မှာ ဒေါက်တာဘွဲ့ ဆည်းပူးနေသူ တစ်ဦးဖြစ်ပါတယ်။)၊ ကိုအောင်မျိုးမင်း (ခင်မင်ပြီးမကြာခင် စင်ကာပူမှ မွေးရပ်မြေရွာသို့ ပြန်သွားပါသည်)၊ ကိုကျော်နိုင်ထွန်း (စင်ကာပူ) နှင့် ကိုဆန်းဝင်း (စင်ကာပူ)၊ ဆိုဒ်အတွင်းမှ ပြန်လည်တွေ့ဆုံခွင့်ရခဲ့သော ငယ်သူငယ်ချင်းများ၊ ဆိုဒ်အတွင်းမှ ကျွန်တော်သွား ရောက် ဖတ်သော posts ပိုင်ရှင်များ အားလုံး ကျောက်ပန်းတောင်း အသင်းဝင်များအားလုံး ကို ခင်မင်ချင်ပါသည်။ တစ်ဦးမှ နှစ်ဦး၊ နှစ်ဦးမှ သုံးဦး တစ်ဆင့်စကား တစ်ဆင့်နား၊ ပန်းသတင်းလေညှင်းဆောင် ( မှတ်မိသမျှ လျှောက်ရွတ် တာပါ :D ) ပြီး ကျွန်တော်တို့ အဝေးရောက် မြို့သူမြို့သား များနှင့် ကိုယ့်မွေးရပ်မြေလေး အဆက်သွယ် မပြတ်ရေး၊ မြို့ကလေး၏ သာရေး နာရေးများတွင် တစ်တပ် တစ်အားပါဝင်နိုင်ကြရေး ကို ရှေးရှု့ပြီး အသင်းအဖွဲ့လေး တစ်ခု ထူထောင်ဘို့လည်း ဆရာတော် အရှင်တေဇနိယ ဦးဆောင်၍ ဆိုဒ် admin များဖြစ်ကြတဲ့ ကိုရဲဖြိုးသူ၊ ကိုဆန်းဝင်း နှင့် မန်ဘာများ ဖြစ်ကြတဲ့ ကိုအောင်မျိုးမင်း၊ ကိုကျော်နိုင်ထွန်း၊ ကျွန်တော် ညီညီကျော် တို့ အကြမ်းအားဖြင့် တိုင်ပင်ထား ပါသည်။

အသေးစိတ်နှင့် ဆက်လက်လုပ်ဆောင်ရန်မှာ ကျွန်တော်တို့အတွက် အဝေးရောက် မြို့သားမန်ဘာအင်အားနှင့် မြို့ခံ မန်ဘာ အင်အား များစွာလိုအပ်နေပါသေးသည်။ တစ်ယောက်အားဖြင့် မရနိုင်သော အမှု့ ကို အများအားဖြင့် ၀ိုင်းဝန်း လုပ်ဆောင်လျှင် မည်မျှ ကြီးမားသော အခက်အခဲ ၀န်ထုပ် ၀န်ပိုးဖြစ်နေလျှင်ကစား အောင်မြင်စွာ လုပ်ဆောင်နိုင်ပါ လိမ့်မည်။ ထို့အတွက်ကြောင့် ကျွန်တော်တို့တွင် များစွာသော လူမှု့ကိစ္စ များရှိနေသည့်မှန်သော်လည်း တစ်ဦးတစ် ယောက်၏ မပြောပလောက်သော အချိန် နှင့် လူအင်အား ငွေကြေးအင်အား နည်းနည်းချင်းစီမှ အားလုံးစုပေါင်းလိုက်လျှင် များစွာသော အကျိုး ကျေးဇူးကို ရရှိနိုင်ပေသည်။

လူတိုင်းလူတိုင်းကိုယ့်အလုပ်တာဝန် ကိုယ့်မိသားစုစားဝတ်နေရေး များနှင့် ဘ၀ အစုံစုံ တွင် ကျင်လည် ရုန်ကန်လှုပ်ရှား နေကြရသည့်တိုင် ကိုယ့်မွေးရပ်မြေ ကိုယ့်ဇာတိ ကိုယ့်ချက်ကြိုးချွေ ချခဲ့သည် နေရာ ကိုယ့်မွေးဌာနေ အတွက် အချိန်လေး နည်းနည်း လုပ်အားလေးနည်းနည်း ငွေးကြေးအင်အား နည်းနည်း မျှ ပေးဆပ်ချင်စိတ် ရှိသူများ အများအပြား ရှိမည်ဟု မျှော်လင့်ပါသည်။ သမုဒ္ဒရာ ၀မ်းတစ်ထွာ အတွက် လောက ရေစီးထဲ လှုပ်ရှား ရုန်းကန် လှော်ခက်ရင်း ပင်ပန်းနွမ်းနွယ် ၍များ အမောပြေ ကိုယ့်ဇာတိ မြေကို ခြေပြန်နင်း မိချိန် သူစိမ်းပြင်ပြင် ဆီးကြိုသူမဲ့ ဘ၀ မည်သူမှလိုချင်ကြလိမ့်မည် မထင်ပါ။ မိမိ ဇာတိမြေကိုမှ သူစိမ်းပြင်ပြင် ဘ၀ သို့ရောက်ရှိသွားသူ တစ်ယောက်သည် မည်မျှ အောင်မြင်သော ဘ၀ကို ပိုင်ဆိုင်နေပါလည်း ပြီးပြည့်စုံသော ဘ၀ဟု မခေါ်ဆိုနိုင်ပေ။ မိမိ ဇာတိမြေ သာယာ စိမ်းလန်းပြီး လူမှု့ရေး စီးပွါးရေး အစစ အရာရာ အဆင်ပြေနေသည်ကိုသာ လူတိုင်း နှစ်သက်လိမ့်မည်ထင်ပါသည်။ ယခု စတင်ဖွဲ့စည်းမည်ဖြစ်သော ကျောက်ပန်းတောင်းအသင်း သို့ မည်သူမဆို ပါဝင်ဆောင်ရွက်နိုင်ပါသည်။ အဝေးရောက်နေသော ကျောက်ပန်းတောင်း မြို့သူ မြို့သား များ၊ မြို့တွင် ရှိနေကြသော မြို့ခံ မြို့သူ မြို့သား များအား ကျွန်တော်တို့ ကျောက်ပန်းတောင်းအသင်း လေးမှ ၀မ်းမြောက်ဝမ်းသာ နွေးထွေးစွာ ကြိုဆိုပါကြောင်း ပြောကြားချင်ပါတယ်ခင်ဗျာ။

ခင်မင်လေးစားလျှက် ညီညီ(အနာဂါတ်သံစဉ်)

Posted by YEPHYO on 10:44 PM. Filed under , . You can follow any responses to this entry through the RSS 2.0. Feel free to leave a response

0 comments for "ကျွန်တော်နှင့်ကျောက်ပန်းတောင်းအသင်း"

Leave a reply