ရင်ဝေးငှက်

| |

မိုးကောင်းကင် တနံတလျားကို
သားပျံသန်းသွားမယ်ဆိုတော့
အမေတားခဲ့သေးတယ်နော်
ကောင်းကင်ရဲ့  မာယာတွေကို
အထင်မှားခဲ့တဲ့သားက
တိမ်လွှာဖြူတွေခူးစားဖို့ ကြိုးစားရင်း
တကယ်တမ်းကျတော့
ဘ၀ဆိုတာ မုန်တိုင်းညတွေပဲလား
မောပန်းနေတဲ့ အတောင်တစ်စုံအပေါ်
မိုးစက်တွေ ခပ်ကြမ်းကြမ်းရွာချ
မလုံခြုံတဲ့ အရိပ်အာဝါသတွေအောက်မှာ
အမေ့ရဲ့ ရင်ငွေ့အိမ်လေးကို
သတိရနေမိပေမယ့်
အခုတော့သားက ရင်ဝေးငှက်ပေါ့...အမေ။


ရေးသားသူ mompoem မိုးလှိုင်ည

Posted by YEPHYO on 7:26 PM. Filed under . You can follow any responses to this entry through the RSS 2.0. Feel free to leave a response

0 comments for "ရင်ဝေးငှက်"

Leave a reply