တက္ကသိုလ်ဝင် စာမေးပွဲ

| |

ဆယ်တန်းတွေ စာမေးပဲ နီးလာနေပြီ။ အခုခေတ် ကလေးတွေလဲ ပင်ပန်းပါတယ်။ ကျောင်းကြီးတက်ရ ၊ ဘော်ဒါက စည်းကမ်းကြီး၊ နဝမတန်း ပြီးနောက် တပတ်လောက်နား ဒသမတန်း ပြန်တက်ရတယ်။ လာမယ့် ၇ ရက်နေရ ဆို စာမေးပွဲ စပြီ။ Mtalk ဆိုဒ်က သတင်း အရ သိရတယ်။ အပြည့်စုံ ဖတ်ကြည့်ကြပါခင်ဗျာ။

ယခုနှစ် ၂၀၁၁ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအား မတ်လ ၇ ရက်နေ့မှ စတင်ဖြေဆိုရမည်ဖြစ်ပြီး မရိုးသားသော နည်းများ ဖြင့် ဖြေဆိုကြောင်း တွေ့ရှိပါက တင်းကျပ်စွာ အရေးယူသွားမည်ဖြစ်ကြောင်း  သိရှိရသည်။ ယခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ယခင် နှစ်များနှင့်မတူပဲ ဖြေဆိုမည့် ဘာသာရပ်တစ်ခုနှင့် တစ်ခုကြားတွင် ပိတ်ရက်များ ပေးထားကြောင်း တက္ကသိုလ်ဝင် စာမေးပွဲအချိန်စာရင်းအရ သိရှိရသည်။ ထို့ပြင် သိပ္ပံဘာသာတွဲ ယူသည့်သူများ အနေဖြင့် ယခင်နှစ်များကနှင့်မတူဘဲ ဘာသာရပ်ခြားကာ ပိတ်ရပ်များ ပေးထားခြင်းကြောင့် စာကြည့်ချိန် ပိုမိုရရှိစေသည်ကို ရန်ကုန် ပညာရေး တက္ကသိုလ်၏ အငြိမ်းစားဒုတိယ ပါမောက္ခချုပ်က ပြောကြား ခဲ့ပါသည်။

“ အဓိကတော့ စာမေးပွဲခန်းထဲကို မိုက်ခရို လို့ခေါ်တဲ့ ချုံထားတဲ့ စာရွက်တွေ ယူပြီး စာကူးချတာကို သက်ဆိုင်ရာ စာစစ်ဌာနတွေက တင်းကျပ်စွာ အရေး ယူသွားမှာ ဖြစ်ပါတယ်။ စာမေးပွဲ ဖြေဆိုသူတွေအနေနဲ့ ရိုးသားစွာ ဖြေဆိုဖို့ လိုအပ်သလို စာမေးပွဲဖြေဆိုနေတဲ့ အချိန်အတွင်းမှာ အဆင်ပြေအောင်လို့ သက်ဆိုင်ရာက စီစဉ်ပေးသွားမှာ ဖြစ်ပါတယ် ” ဟု ရန်ကုန်တိုင်းဒေသကြီး၏ သက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။



တက္ကသိုလ်ဝင်တန်း ဖြေဆိုခွင့်ကတ်ပြားကို သေချာစွာ သိမ်းထားပြီး စာမေးပွဲ ဖြေဆိုမည့်နေ့တွင် ကိုယ်နှင့်တစ်ပါတည်း ယူဆောင်သွားကြရန်နှင့် အဖြေလွှာပေါ်တွင် Correction  pen သုံး၍ အမှားဖျက်ခြင်းမျိုး မပြုလုပ်ဘဲ ဖြေဆိုသင့်သည်ဟု ရန်ကုန်စက်မှုတက္ကသိုလ်မှ ဆရာဂျက် ဖရီတင်အုန်းက သတိပေးပြောကြားခဲ့ပါသည်။ “ ဒီနှစ် တက္ကသိုလ်ဝင်တန်းမှာ သိပ္ပံဘာသာတွဲ သမားတွေ အရမ်း ကံကောင်းတယ်။ ရူပဗေဒဘာသာရှေ့မှာ ပိတ်ရက် နှစ်ရက်ရတယ်။ စနေ၊ တနင်္ဂနွေ ဖြစ်ပေမယ့် အရင်ကဆို စနေပါ ဖြေရတယ်။ အခုစာကြည့်ချိန် ပိုရတာပေါ့ ” ဟု သိပ္ပံဘာသာတွဲ ယူထားသည့် မြောက်ဒဂုံမြို့နယ်မှ ကျောင်းသား တစ်ဦးက ပြောကြားခဲ့ကြောင်း ၂၀၁၁ ခုနှစ် မတ်လ ၄ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်၊ အတွဲ(၃)၊  အမှတ်(၄၉) တွင် ဖော်ပြထားပါသည်။

Posted by YEPHYO on 8:32 PM. Filed under . You can follow any responses to this entry through the RSS 2.0. Feel free to leave a response

0 comments for "တက္ကသိုလ်ဝင် စာမေးပွဲ"

Leave a reply