မှုခင်းသတင်းများ
၁။ နေအိမ်ပြန်နောက်ကျသည့် သားဖြစ်သူ သေဆုံးနေ ။ မြင်းခြံခရိုင် ကျောက်ပန်းတောင်း ရဲစခန်းပိုင်နယ်မြေ အတွင်း၌ နေအိမ်ပြန် နောက်ကျသည့် သားအတွက် ဖခင်ဖြစ်သူက စိတ်ပူပင်မှုဖြင့် လိုက်လံရှာ ဖွေခဲ့ရာ သားဖြစ်သူမှာသေဆုံးနေကြောင်းသိရသည်။
သိရှိရသည်မှာ ၂၀၁၀ ဩဂုတ် ၆ရက်နေ့ ၁၇း၃၀ နာရီ အချိန်က ကျောက်ပန်းတောင်းမြို့နယ် အင်းတောရွာနေ ဦးစိန်မြိုင်သည် နေအိမ်တွင် အနားယူနေပြီး သားဖြစ်သူ ကိုကိုဝင်း ဆိုင်ကယ် ကယ်ရီလိုက်သူ ပြန်ရောက်ချိန် ရောက်မလာသဖြင့် ဦးစိန်မြိုင်စိတ်ပူပန်ဖြစ်ပြီး လိုက်လံ ရှာဖွေခဲ့ရာမတွေ့ရှိဘဲ ၂၀၁၀ ဩဂုတ် ၇ရက်နေ့ ၁၀းဝ၀ နာရီအချိန်မှ အင်းတောရွာမြောက်ဘက်တွင် ကိုကိုဝင်း ၁၆နှစ် မှာပြတ်ရှဒဏ်ရာများဖြင့် သေဆုံး နေကြောင်း တွေ့ရှိရ၍ ကျောက်ပန်းတောင်း ရဲစခန်းသို့ သွားရောက် တိုင်တန်းခဲ့ရာ ၄င်းရဲစခန်းက ဖြစ်စဉ်အား မေးမြန်း၍ အခင်းဖြစ်နေရာအား သွားရောက်ကြည့်ရှုစစ်ဆေး ဆောင်ရွက်ကာ မြေပုံကျမ်းရေးဆွဲခြင်း၊ မှတ်တမ်းဓာတ်ပုံ ရိုက်ယူခြင်းများ စနစ်တကျဆောင်ရွက်ခဲ့ပြီး (ပ)၁၀၁/၂၀၁၀ ပုဒ်မ ၃၀၂အရ အမှုဖွင့် စနစ်တကျ ဖော်ထုတ်နေသည်ဟု သိရသည်။ မူရင်းလင့်
၂။ လင်မယားရန်ဖြစ်စဉ် ကြားဝင်သူ ယောက္ခမ သေဆုံး။ ၂၄.၆.၂၀၁၀ရက် ၁၈း၃၀နာရီခန့်က ကျောက်ပန်းတောင်းမြို့ သာယာရေး ရပ်ကွက်နေ မခင်မာကြည်မှာ ၎င်း၏ ခင်ပွန်းဖြစ်သူ သန့်ဇော်မြင့် နေအိမ် အပေါ်ထပ်၌ လင်းမယားချင်း စကားများ ရန်ဖြစ်နေခိုက် ခင်မာကြည်၏ မိခင်ဖြစ်သူ ဒေါ်အုန်းကြည်က ၎င်းတို့ စကားများ ရန်ဖြစ်နေသည့် ကြားတွင် ဝင်ရောက် ပြောဆိုခဲ့သည်။ ထိုသို့ကြားဝင် ပြောဆိုစဉ် သားမက်ဖြစ်သူ သန့်ဇော်က ယောက္ခမ ဖြစ်သူအား လက်ဖြင့် တွန်းဖယ်လိုက်ရာ ပြတင်းတံခါးပေါက် အနီးဖြစ်သဖြင့် ဒေါ်အုန်းကြည်မှာ ဟန်ချက်ပျက်၍ ပြတင်းပေါက်မှ နောက်လန် ကျကာ သေဆုံး သွားခဲ့သည်။
ယင်းဖြစ်စဉ်အပေါ် ခင်မာကြည်က ကျောက်ပန်းတောင်း ရဲစခန်းသို့ တိုင်တန်းအမှု ဖွင့်ခဲ့ရာ ၎င်းရဲစခန်းက စနစ်တကျ စစ်ဆေး ဆောင်ရွက်၍ သန့်ဇော်အပေါ် (ပ)၇၄/၂၀၁၀ ပြစ်မှုပုဒ်မ-၃၀၄အရ ဆောင်ရွက် ခဲ့ကြောင်းသိရသည်။ မူရင်းလင့်



