ရွှေနဒီ ပရဟိတ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း

ကျောက်ပန်းတောင်းမြို့ စိတ္တပါလဂူ စာသင်တိုက်ကြီး၏ ပဓာနနာယက ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒအဂ္ဂဒ္ဒန္တလာဘနှင့် ကျေးဇူးတော်ရှင် မိဘများ ဖြစ်ကြသော ဦးဘိုးဆင်+ ဒေါ်အေးစီ၊ ဦးတင်+ဒေါ်ကြီးစိန် တို့ကို အမှူးထားပြီး ရန်ကုန်မြို့ ခြံအမှတ် (၆၁၇-စီ) မာလာလမ်း၊ ကမာရွတ်မြို့နယ်တွင် နေထိုင်သော သီဟသုဓမ္မမဏိဇောတစရ ဦးစိုးသိမ်း+ သီရိသုဓမ္မသိင်္ဂီဒေါ်ဆင်နု ရွှေနဒီမိသားစု တို့က ဆောက်လုပ် လှူဒါန်းသော မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့ရှိ ''ရွှေနဒီ'' ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို စိတ္တပါလဂူကျောင်း စာသင်တိုက်ဝင်း အတွင်းမှာ ''ရွှေနဒီပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း'' ဖွင့်လှစ်ခဲ့ပါသည်။

''ရွှေနဒီ'' ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကောင်းသည် မြေ(၇)ဧက ကျယ်ဝန်းသည့် ကွက်လပ်တွင် ဆောက်လုပ် ထားရှိပြီး စာသင်ကျောင်း တစ်ကျောင်းတွင် ရှိသင့်သော ကျောင်းထောက်ကူ ပစ္စည်းများ စုံလင်စွာ ထားရှိထားပါသည်။

ယင်းဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို (၂၇၊ ၅၊ ၂ဝ၁ဝ) ရက်တွင် စတင် ဖွင့်လှစ်ပြီး ဘုန်းတော်ကြီးသင် ပညာရေး လုပ်ငန်းများကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။ ''ရွှေနဒီ''ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းတော်ကြီးသည် စိတ္တပါလဂူကျောင်း စာသင်တိုက်ကြီး၏ ထေရ်စဉ်ဝါလိုက် ပဓာနနာယက ဆရာတော်ကြီးများ၏ အုပ်ချုပ်မှု အောက်တွင်သာ ရှိနေမည်ဖြစ်ပြီး ထိုကျောင်းတော်ကြီး ရေရှည်တည်မြဲ ဖွံ့ဖြိုးတိုးတက်စေရန် အလို့ငှာ ကြားသိသမျှသော လူ၊ ပုဂ္ဂိုလ် သူတော်စင် အပေါင်းတို့မှလည်း လုပ်အားဒါန၊ အလှူတော် ဒါနများဖြင့် ဝိုင်းဝန်းကူညီ စောင့်ရှောက် ကုသိုလ်တော် ယူနိုင်ကြကြောင်းလည်း သိရှိရပါသည်။

ဆက်သွယ် လှူဒါန်းနိုင်သော ဌာနများမှာ -
၁။ ''ရွှေနဒီ''ပရဟိတ ဘုန်းတော်ကြီးကျောင်း ဝ၆၁-၅၁၄၅၆၊ ၅၁၄၅၇
၂။ ဦးဆန်းဝင်းအောင် ဝ၆၁-၅ဝ၂၇၅ (ကျောက်ပန်းတောင်း)
၃။ ဦးအောင်ကျော်မိုး ဝ၆၁-၅ဝ၃၇၂ (ကျောက်ပန်းတောင်း)
၎။ ဦးသန်းဝင်း ဝ၆၁-၅၁၅၃ဝ (ကျောက်ပန်းတောင်း)
၅။ ဗိုလ်မှူးကြီးနေဝင်း(ငြိမ်း) ဝ၁-၅၅၉၄၇၂ (ရန်ကုန်)
၆။ ဗိုလ်မှူးစိုးလှိုင် ဝ၆၇-၄ဝ၈ဝ၈၂ (နေပြည်တော်)
၇။ ဦးစိုးမင်း ဝ၁-၆၈၂၄၇ဝ၊ ၆၈၂၄၇၁ (ရန်ကုန်)သို့ဆက်သွယ် လှူဒါန်းကြောင်း သိရှိရပါသည်။

Posted by YEPHYO on 10:16 PM. Filed under , . You can follow any responses to this entry through the RSS 2.0. Feel free to leave a response

0 comments for "ရွှေနဒီ ပရဟိတ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း"

Leave a reply